(၂၁)

141 10 0
                                    

နားရက်ရထားတာမို့ စာအုပ်ဆိုင်ဘက်သို့ ရှောင်ကျန့် ခြေဦးလှည့်ဖြစ်တယ်။

ကျန်းချန်ကတော့ ဆေးပညာရပ်ဆိုင်ရာ စာတမ်းဖတ်ဖို့ ဂျပန်ကို သွားတယ်။
အလုပ်ကြောင့် ကျန်းချန် ဂျပန်သွားတာ
ကိုဘဲ ရှောင်ကျန့်ကြောက်ရွံ့နေမိသလို။

ဂျပန်ဆိုတာ ရှောင်ကျန့်အမှတ်မရချင်‌သည့်နေရာတစ်ခုဘဲ။ သူအချစ်ဆုံး အမြတ်နိုးဆုံး လူကို သူ့ရင်ကနေဆွဲထုတ်သွားခဲ့တဲ့နေရာမို့။

စာအုပ်ဆိုင်လေးတွေဘက်ရောက်တော့
စိတ်ကို အတတ်နိုင်ဆုံး ပေါ့ပါးစွာထားရင်း စာအုပ်ရွေးနေလိုက်တယ်။ အရင်က ဝမ့်ကျီး
နှင့်အတူ ရွေးခဲ့ကြတာ။ သူတို့နှစ်ယောက် သွားနေကျ စာအုပ်ဆိုင်လေး တစ်ဆိုင်က
ပိတ်သွားပြီး အဲဒီနေရာမှာ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ထားတာကို ရှောင်ကျန့် သတိပြုမိလိုက်တယ်။ ဝင်ထိုင်ကြည့်ဖို့လည်း ဆုံးဖြတ်လိုက်မိတယ်။

ဆိုင်နာမည်က ရိုးရိုးရှင်းရှင်းလေးပါဘဲ  "Dream"တဲ့။ အပြင်ကကြည့်ရင် ရိုးရှင်း
တယ်လို့ ထင်ရပေမယ့် အတွင်းပိုင်းမှာ
ပြင်ဆင်ထားသည်မှာ ဆိုလိုချင်တဲ့ *အိပ်မက်*ဆိုတာ မက်နေရုံမဟုတ်ဘဲ
အမှန်တကယ် ဖြစ်လာဖို့ အကောင်အထည် ဖော်တတ်ရတယ်လို့ ပြောထားတာမျိုး။

ရှောင်ကျန့် ဒီဆိုင်လေးကို နှစ်သက်မိသွားတယ်။ ကော်ဖီသောက်ဖို့ဘဲ လာတာဖြစ်ပေမယ့် ဆိုင်လေးထဲက ချက်ချင်းပြန်မထွက်
ချင်လို့ နေ့လည်စာအတွက်ပါ  မုန့်လေး
တွေမှာပြီး စားဖို့ ပြင်လိုက်တယ်။

အစားအစာတွေရော ကော်ဖီကပါ တကယ်ကောင်းလွန်းလို့ ရှောင်ကျန့် ပျော်မိတယ်။
ပေကျင်းအနှံ့ မသွားဖြစ်ပေမယ့် အကြိုက်
တွေ့ပြီမို့ မကြာခဏလာဖြစ်အောင်
လာမယ်။

ကော်ဖီသောက်ရင်း အဝင်ပေါက်ဘက်
ကို အမှတ်မထင် ကြည့်မိလိုက်တော့
ဒါရိုက်တာဝမ်ရိပေါ် ကို တွေ့လိုက်
ရတယ်။

သူ့ကောင်မလေးက ရိပေါ်လက်မောင်းကိုလက်ချိတ်ပြီး ပခုံးပေါ် ခေါင်းလေးမှီကာ လမ်းလျှောက်လာတယ်။

ရှောင်ကျန့် မမြင်ယောင်ဆောင်ပြီး
ကော်ဖီကိုဘဲ ငုံ့သောက်နေလိုက်တယ်။
ဒါပေမဲ့ ဆိုင်ထဲမှာ လွတ်နေတဲ့တစ်ဝိုင်းက
သူ့ရှေ့တည့်တည့်မှာ ဖြစ်နေရော။

မခွဲအတူ Место, где живут истории. Откройте их для себя