အခန်းရောက်တော့ ကျန်းချန်ကို ဖုန်းပြန်ခေါ်လိုက်မိတယ်။
Ringing.......
"အေး ကျန်းချန် ငါခုနက အစည်းအဝေးလုပ်နေလို့ မင်းဖုန်းခေါ်တာ ဘာလို့လဲ"
" အထွေအထူး မရှိပါဘူးကွာ မင်းအဆင်ပြေလား မေးမလို့လေ"
" ပြီးတော့ ဘာရယ် ညဘက်ကြီး meeting က ဆယ့်တစ်နာရီရှိနေပြီဟာ"
" အင်း ဒါရိုက်တာနဲ့ ဆွေးနွေးဖို့ ရှိနေလို့ပါ"
" ဘာ ဟိုအချေကောင်ဝမ်နဲ့လား"
" ဘာလဲ အားချန် မင်းသူ့ကိုသိလို့လား"
"ဟ အားကျန့်ရ ဝမ်ရိပေါ်ဆိုတာ Wang လုပ်ငန်းစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူလေ မင်းတကယ်မသိတာလား"
"ဟုတ်ရဲ့လား ငါသူနဲ့ပထမဆုံး ဆုံဖူးတုန်းက
ပရိဘောဂလုပ်ငန်းမှာ သူဝင်လုပ်နေတာလေ တစ်ဆက်တည်း ပြောပြအုံးမယ် မင်းဆေးရုံကို ငါလိုက်ပို့တာ သူလေ""ကဲပါ ထားလိုက်ပါ ကျန်းချန် ငါ့ကို
တစ်ခုစုံစမ်းပေးပါလား""ဘာလဲ အားကျန့်"
"အလှူခံတဲ့သူက အမေရိကန်မှာ နေတဲ့သူဘဲလား ဒါမှမဟုတ် တခြားကလားဆိုတာ
ငါသိချင်တယ် ""အေးပါ ငါကြိုးစားကြည့်ပေးမယ် အာမတော့ မခံချင်ဘူးကွာ "
" ငါနားလည်ပါတယ် အားချန် မရခဲ့ဘူးဆိုလည်း ငါ့ကံပေါ့ကွာ"
**********************
သားတစ်ယောက် အရွယ်ရောက်တော့လည်း
တွေ့ချင်သူက လာရစမြဲပါဘဲ။ ဝမ်ဟန် ခုတော့ မလာတော့ဘူး ဆုံးဖြတ်ထားတဲ့ ပေကျင်းကို ခြေချရပြန်တယ်။"ရိပေါ် ငါ့သား မင်းမှာလည်း အဖေရှိသေးတာ သတိရသေးရဲ့နော်"
ဝမ်ဟန်က အိမ်ထဲ ဝင်လာတဲ့ သားဖြစ်သူကို အငေါ့တူးတယ်။
"ပါပါးကလည်း သားအလုပ်ကြိုးစားနေတာ
ပါနော် သားအလုပ်မလုပ်ရင် တင်ကျွေးထားမှာလား"" အံမာ ဝမ်ရိပေါ် မသိရင် ငါကဘဲ မကျွေးချင်လို့ ဇွတ်အတင်းခိုင်းနေသလို "
" ဟားဟား ဟား"
သားအဖနှစ်ယောက် လွတ်လပ်စွာ ရယ်မောလိုက်မိတယ်။
ထမင်းစားနေကြရင်းနဲ့ ....
" ပါပါး ဒီမှာဘဲ နေတော့မယ်မလား"
" အင်း မနေဘူး မင်းကိုလာချောင်းတာ ဘယ်မိန်းကလေးနဲ့ date နေလဲလို့ "
"ပါပါးကလည်း မချစ်ချင်ယောင်ဆောင်
နေပြန်ပြီ သားကို လွမ်းလို့မလား ဟိဟိ""ဒါနဲ့ ရိပေါ် မင်း စုမင်နဲ့ ဘယ်တော့လက်ထပ်
မလဲဆိုတာ ငါ့ကို အစ်ကိုစု မေးနေတယ်"ရိပေါ်က သက်ပြင်းချလိုက်ရင်း....
" ပါပါးကို ပြောစရာရှိတယ်"
" ပြောလေ အေးဆေးပြောပြ"
"စုမင်ကျဲကို အစ်မလိုဘဲ ခင်မင်တယ် အိမ်ထောင်ဖက်လို သဘောမကျမိခဲ့ဘူး
ဆိုတာ ကျွန်တော် သိလိုက်ရပြီ""သူ့ဖေဖေ ကျွန်တော့်ကို ခွဲစိတ်ကုသပေးခဲ့တဲ့
ကျေးဇူးကြောင့် အသက်ရှင်ခွင့်ရခဲ့တယ်
ဆိုတာ သိတယ် ပါပါး""ငါ့သား မင်းစိတ်က အဲလိုဆိုတော့လည်း မတတ်နိုင်ဘူးပေါ့ကွာ ပါမောက္ခစုရှဲ့ ကတော့ သူ့သမီးကို မင်းနဲ့ဘဲ နေရာချချင်တာလေ"
" စုမင်ကျဲရော ကျွန်တော်ရော ဒုက္ခရောက်သွားမှာတွေ မလုပ်ချင်ဘူး"
"သား သဘောပါလေ စုမင်ကို နားလည်အောင် ရှင်းပြဖို့ မင်းမှာ တာဝန်ရှိတယ်
လူကြီးတွေကိစ္စက ပါးတို့ဘာသာ ရှင်းလို့
ရပါတယ်""ဟုတ် ပါပါး နောက်တစ်ခုက သား သဘောကျရမည့်သူ ရှိနေပါပြီ"
"အေးပါ ရွေးချယ်မိတဲ့လမ်းမှာနောင်တ
မရပါစေနဲ့ ပါးမှာ သားတစ်ယောက်ထဲရှိတယ်ဆိုတာ သားသိပါတယ်နော်" သားနားလည်ပါတယ် ပါပါး"
ရိပေါ် သူ့အခန်းထဲ ဝင်လာရင်း မိသားစုဓာတ်ပုံလေးရှေ့ ရပ်လိုက်တယ်။
"မား ကောင်းကင်ဘုံကနေပြီး သားကို စောင့်ရှောက်ပေးမယ်မလားဟင်"
" လွမ်းတယ် မား"
ရိပေါ်အခန်းထဲက စားပွဲလေးပေါ်မှာ သူတို့မိသားစု ဓာတ်ပုံလေးတစ်ပုံ ရှိတယ်။
အဲဒီဘေးမှာ ကလေးငယ် သုံးယောက်ဓာတ်ပုံ
လေးတစ်ပုံရှိနေတယ်။ ဟောင်းနွမ်းနေတဲ့ ပုံလေးပေါ့။ ကောင်မလေးနဲ့ကောင်လေးက ကလေးငယ်လေးကို ဝိုင်းပြီး ချော့မြှူနေ
ကြတဲ့ ပုံလေး။-----------------------------------------

YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။