(၃၇)

193 10 0
                                    

ဝမ့်ကျီးရဲ့ အရိုးပြာအိုးလေးကို
ထွေးပိုက်ထားရင်း ရှောင်ကျန့်က
ခပ်တိုးတိုးနဲ့စကားတွေ ဆက်တိုက်
ပြောနေမိတယ်။

သူနဲ့ ဝမ့်ကျီးလက်ထပ်ကတိသစ္စာပြုကြဖို့ ရည်ရွယ်ထားတဲ့ ပေကျင်းနဲ့ အလှမ်းဝေးတဲ့
မထင်မရှား ဘုရားကျောင်းလေးမှာ။

ဖြတ်တောက်ထားတဲ့ လက်ကောက်ဝတ်သွေးကြော နှစ်ဘက်က ကျလာတဲ့ သွေးစက်တွေက ဘုရားကျောင်း ကြမ်းပြင်မှာ တဖြည်းဖြည်း အိုင်ထွန်းစပြုလာပြီ။

ညီရေ စောင့်နေတော့နော်.....

မိုက်ကနဲဖြစ်လာပြီးနောက် နားထဲက လေတွေထွက်လာသလို ခံစားလိုက်ရတယ်။ မင်းနဲ့ နီးလာပြီပေါ့...။

ရင်ခွင်ထဲက အိုးလေးကို ခပ်တင်းတင်းပိုက်ထားလိုက်တယ်။

ကောကို မင်းဘဝထဲကနေ ထွက်သွားခွင့်ပြုပါ ရိပေါ်။ တစ်ခုတော့ သတိရနေပေးပါ။ ကောက ဝမ်ရိပေါ်ကို ဝမ်ရိပေါ်မို့ ချစ်တယ်။

အဲဒီနောက် ရှောင်ကျန့်ရဲ့ကမ္ဘာမှာအရာရာဟာ အမှောင်အတိ။
______________________________

ရိပေါ်နဲ့ အဆက်အသွယ်မရပေမယ့် ပြန်လာရင် အဆင်သင့် တွေ့လို့ရအောင် ရှောင်ကျန့် အလုပ်မှာဘဲ နေဖြစ်တယ်။

ရိပေါ်မှာ ကိုယ်ရေးကိုယ်တာ အရေးကြီးလို့သာ သူ့ကို မဆက်သွယ်နိုင်သေးတာ ဖြစ်မယ်လို့လည်း ရှောင်ကျန့် ယုံကြည်ထားတယ်။

ချစ်သူတွေ ဖြစ်လာပြီးတော့ ရိပေါ်က သူ့ကို ဂရုတစိုက်ရှိတယ်။ ‌သူရဲ့ အလုပ်ကိစ္စအပြင် နေထိုင်စားသောက်ရေးကိစ္စ၊ ကျန်းမာရေးနဲ့ ခေတ္တခဏဖျားနာမှုလေးအထိပါ ရိပေါ်က ဂရုစိုက်ပြီး ပြုစုပေးခဲ့တယ်။

အမှတ်တရ အနမ်းတွေ။ ချိုမြိန်တဲ့ ချစ်ခြင်းတွေ။ ကတိစကားတွေမလို‌လောက်အောင်
ရှောင်ကျန့်ကသာ သူ့ဘဝရဲ့ အရာရာပါ လို့ ခဏတဖြုတ်တွေ့ဖူးသူတွေတောင် ချက်ခြင်းသိနိုင်သည်အထိ ရိပေါ်ရဲ့ အချစ်တွေက လေးနက်တည်ကြည်ခဲ့တယ်။

ရိပေါ် ရေ ကောတို့ လက်တွဲဖို့ကြိုးစားကြရအောင်နော်။

ရှောင်ကျန့် သူနဲ့ရိပေါ်အကြောင်းတွေးနေရင်း အ‌ပြုံးတွေ အသက်ဝင်နေတာ ကိုယ်တိုင်ပင် မသိ။

မခွဲအတူ Where stories live. Discover now