(၁၁)

160 10 0
                                    

ရှင်သန်နေရတဲ့ နေ့ရက်တိုင်း အချိန်တိုင်း နေရာတိုင်း ဝမ့်ကျီးကို သူ မမေ့နိုင်ခဲ့ပေ။

မိဘ‌များ မရှ်ိတော့တဲ့နောက် တစ်ဘဝလုံးပြုစုစောင့်ရှောက်ခဲ့တဲ့ အဒေါ်နဲ့ ဦးလေးရဲ့ကျေးဇူးတရားတွေ။သူ့ဘဝရဲ့ရှင်သန်ရာတွေကို အကောင်းဆုံး ဖြစ်အောင် ကူညီပေးတဲ့
ကျန်းချန်။

ကိုယ့်ဘဝကို အဆုံးသတ်လိုက်ဖို့ တွေးမိတိုင်း
ကျေးဇူးတရားတွေကို ရင်ဝယ်ပိုက်ပြီးအလုပ်တွေကိုဘဲ အားစိုက်လုပ်ဖြစ်တယ်။

စဉ်းစားစရာတစ်ယောက်ရှိ
လာတယ်။ သူကဘယ်သူလဲ ဘာကြောင့်
ငါ့ကို ရင်းနှီးလိုဟန်တွေပြနေရတာလဲ။

ဒါပေမဲ့  ငါ့နှလုံးသားက သိနေတယ်။

ငါတို့ ထပ်မဆုံကြရင်ကောင်းမယ်။ မင်းနဲ့မဆုံတွေ့လိုပါဘူး။ဘာအကြောင်းနဲ့ ဖြစ်ဖြစ်။

************
နှင်းလျှောစီး စီမံကိန်းစတော့မယ်။
ရှောင်ကျန့်က သူ့အတွက် လိုအပ်တာ
တွေထည့်ယူရင်း ပြင်ဆင်နေခဲ့တယ်။

ပေကျင်းနဲ့ စီမံကိန်းနေရာက ကားနဲ့ သုံးနာရီလောက်မောင်းရတယ်။လမ်းနဲ့ နေရာထိုင်ခင်းတွေ သေချာမပြင်ဆင်ထားရသေးတာမို့
မကြာခဏ မပြန်နိုင်ကြောင်း ဒေါ်လေး
တို့ကိုလည်း ပြောပြီးပြီ။

ယွီပင်းကိုဝင်ခေါ်ပြီး သွားရလိမ့်မယ်။
စစ်ကျွေးနဲ့ ကျင်းရီကတော့ ပစ္စည်း နမူနာတွေ စစ်ဖို့ ပေကျင်းမှာ ကျန်ခဲ့ကြတယ်။

******

သူကားမောင်းနေတာကို ယွီပင်းက ကြည့်ရင်း

"ရှောင်ကျန့်ကော"

"ပြောလေ ယွီပင်း"

"နေမကောင်းရင် နားလိုက်လေ ကျွန်တော် တစ်လှည့်မောင်း‌မယ် "

ရှောင်ကျန့်: ရပါတယ်ကွာ

"ရှောင်ကျန့်ကော ကြည့်ရတာ ဖြူရော်ရော်နဲ့ ပြီးတော့ ..... ဖျားနေသေးလား"

" ငါ မဖျားပါဘူး ယွီပင်းရာ"

သူ့ကို စိတ်ပူတာ ရှောင်ကျန့်သိသော်လည်း ဘာမှမပြောချင်ပေ။

*********
လုပ်ငန်းခွင်ထဲရောက်တော့ ရှောင်ကျန့်ရဲ့
ပင်ပန်းနေတဲ့ စိတ်တွေ အများကြီး ပြေပျောက်သွားခဲ့တယ်။

မခွဲအတူ Where stories live. Discover now