နေရောင်ခြည် နွေးနွေးက ပါးပြင်ပေါ် ကျလာခြင်းကြောင့် မနက်အတော်လင်းနေပြီဖြစ်ကြောင်း စိတ်ကသိနေသော်လည်း လူက အိပ်ရာက မထချင်သေးပေ။
"သားရေ...... အားကျန့်....ထတော့လေ
မနက်စာ စားဖို့ အဆင်သင့်ဖြစ်နေပြီလေ"အောက်ထပ်က မီးဖိုခန်းကနေ လှမ်းနှိုးနေတဲ့ ဒေါ်လေးချင်းရဲ့အသံနဲ့အတူ မွှေးကြိုင်လှတဲ့ စွပ်ပြုတ်အနံ့က သူ့ကို ဆွဲဆောင်နေတယ်။
မထမချင်း နှိုးနေမယ်ဆိုတာ သိလို့ ပျင်းပျင်းနဲ့ဘဲ အိပ်ယာက ထပြီး ဆင်းလာခဲ့တယ်။
"ဒေါ်လေး ဒီနေ့ ဆိုင်မသွားသေးဘူးလား နောက်ကျနေပြီမလား....."
"အမယ်လေး ကိုယ့်တူလေး ရှားပါးစွာ နားတဲ့ ရက်လေးမှာ ဒေါ်လေးက သားကြိုက်တာလေးတွေ ချက်ကျွေးချင်လို့ပေါ့..."
"အား..... ချစ်သွားပြီလေ ဒေါ်လေးက အကောင်းဆုံး........"
"အေးပါ ဒီစကားလေးနဲ့ဘဲ ခြွေပါ
ကျန့်ကျန့်ရယ်....""ဒီနေ့ အပြင်သွားအုံးမယ် ဒေါ်လေး
အားချန်နဲ့ ပရိဘောဂလိုက်ကြည့်ပေးအုံးမယ်
သူ့ရုံးခန်းအတွက် သုံးချင်လို့တဲ့""အေးပါ...သား သေချာရွေးပေးလိုက်အုံး"
"ဟုတ်ကဲ့ပါ........."
___Phone Ringing___
"အေး အားချန် အေးပါ အဲလိုဆို ငါသွားပေးမယ်လေ အေးပါ ငါ့ကို မင်းကြိုရွေးထားတဲ့ ပုံတွေ ပို့ပေးလိုက်လေ ငါသွားလိုက်မယ်"
ကျန်းချန် ရုတ်တရက် အလုပ်ရှိတာကြောင့်
ပရိဘောဂတွေ ကြည့်ဖို့ သူတစ်ယောက်ထဲထွက်လာခဲ့တယ်။"Wang Group Furniture"
အရည်အသွေးကောင်းလွန်းလှသည့် ပရိဘောဂတွေ အတွက်"ဝမ်"လုပ်ငန်းစု ပရိဘောဂလုပ်ငန်းကို ရွေးချယ်လာမိသည်မှာ မှန်သည်ဟု ဆိုရမည်။
ရွေးစရာ အမျိုးအစား အရောင်အသွေးမျိုးစုံ ပြည်တွင်းဖြစ်ရော ပြည်ပ မှ ပစ္စည်းများရော စုံလင်လှပေသည်။
"မင်္ဂလာပါ ...ကြိုတင်မှာကြားထားတာ ရှိပါသလား ခင်ဗျာ" ဆိုသော ဝန်ထမ်းလေးရဲ့
နှုတ်ခွန်းဆက်ခြင်းက ချိုသာလှသည်။"ကျွန်တော် အရင်ဆုံး ပစ္စည်းတွေ
ကြည့်ပါအုံးမယ်""ဟုတ်ကဲ့ လိုက်ပြပေးပါ့မယ်"
"နေပါစေ ကျနော်ဘာသာ စိတ်ကူးနဲ့ ကြည့်လို့ရတယ် မလား"
ရှောင်ကျန့်က တောင်းဆိုလိုက်တယ်။
"ဟုတ်ကဲ့ ရပါတယ် ကြည့်ပါခင်ဗျာ"
ခေတ်မီလှပတဲ့ ပရိဘောဂအခင်းအကျင်း
တွေကြားမှာ အရပ်မြင့်မြင့် ခပ်သွယ်သွယ် အမျိုးသားတစ်ယောက် ဖြတ်လျှောက်နေပြီး သူ့ရဲ့ မျက်ဝန်းတောက်တောက်လေးတွေက အာရုံစူးစိုက်မှု တည်ရှိနေတာကို ပြသ
နေတယ်။ပေါ့ပါးနေတဲ့ သူ့ပုံရိပ်က ချစ်စရာယုန်ဖြူလေး ပြေးနေသလိုပင်။
ထိုစဉ်.......
"ဒုန်း....ခွမ်း"
"ကုန်ပြီ အမလေး ကုန်ပြီ___ရဲ့"
ရုတ်တရက် ဆူညံသံတွေကြောင့် ယုန်လေး လန့်သွားပုံဘဲ ပြီးတော့ ပြူးတူးတူးလေးနဲ့
ရပ်ကြည့်နေတယ်။"ဘယ်လိုဖြစ်ရတာလဲကွာ မှန်ပေါ် ဒီစက် အလေးကြီး ပစ်ချမှတော့ ကွဲပြီပေါ့"
"ဟို....ကျနော်လေ ပိုးကောင်တွေ့လိုက်လို့ပါ"
"ဖြစ်ရမယ် မင်းကတော့...."
ရပ်ကြည့်နေတဲ့ ယုန်လေးက ရုတ်တရက် အနားရောက်လာပြီး ရိပေါ် လက်ကို ဆွဲလိုက်တယ်။
"ဘာလုပ်...."
"မင်းလက်မှာ မှန်ရှထားပြီ မလှုပ်နဲ့ သွေးတွေကျလာလိမ့်မယ်"
ကွဲကျလာတဲ့ မှန်ကို အထိန်းမှာကန်ပြီး သူ့လက်ကို ရှထားလေပြီ။
"ဒီမှာ ပတ်တီးနဲ့ ဆေးနဲ့ ရှိလာဗျာ"
"နေအုံး ဆေးခန်း သွားရအောင် ဒဏ်ရာက နက်တယ် ချုပ်ရမယ်ထင်တယ်"
သူ့ဘာသာ မေး ဖြေလုပ်ပြီးနောက် ယုန်လေးကဘဲ ဦးဆောင်ပြီးသူ့ကို ဆွဲခေါ်လာတယ်။
ပြီးတော့ KC Hospital ကို ခေါ်သွားပြီး ကုန်ကျစရိတ်တွေကိုလည်း သူ့ကတ်နဲ့သူ ထုတ်ပေးနေလေတယ်။
ရိပေါ်ကိုတော့ စကားတစ်ခွန်းမှ မပြော
သေးပေ။အပြန်ကျ taxi ငှားပြန်ကြရင်း ရိပေါ်က
စပြောလိုက်တယ်။"ကျေးဇူးပါ ကျနော် ခင်ဗျားကို ကုန်ကျစရိတ် ပြန်ပြီးပေးပါ့မယ်"
ယုန်လေးက "မလိုပါဘူး" ဟုပြောပြီး မျက်နှာကို တစ်ခြားဘက်လှည့်သွားသောကြောင့် သူတို့ကြားထဲမှာ တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားရတယ်။
🍂🍂🍂🍂🍂🍂🍂🍂🍂
အပိုင်း ၃ ဆက်ရန်
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။