(၃၁)

136 8 2
                                    

[ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်ပါတယ်]

" ညနက်လာပြီ ကော အနားယူတော့နော်"

ရှောင်ကျန့် အသာအယာခေါင်းညိမ့်ပြတယ်။

" ဝင်တော့လေ ကော "

" ရိပေါ် "

" ဟုတ် ပြောလေ"

"Good Night "

ရိပေါ်က ပြုံးလိုက်ပြီး "အိပ်မက်လှလှမက်
ပါစေ ကော နားတော့နော်"

ရှောင်ကျန့် သူ့အခန်းထဲ ဝင်မည်ပြင်စဉ် ရိပေါ်က သူ့လက်ကို ဆွဲပြီး နောက်ကျောကနေ သိုင်းဖက်ထားလိုက်တယ်။

" ကော  သိပ်ချစ်တယ် ကောရယ်"

ရှောင်ကျန့် သူ့အခန်းထဲဝင်သွားမှ ရိပေါ်ပြန်လာခဲ့လိုက်တယ်။

အပြန်လမ်းမှာ နှလုံးသားနေရာကို လက်နဲ့ဖိရင်း " ဖြည်းဖြည်းခုန်ပါကွာ" လို့ ပြောရင်း
ရိပေါ် အဆက်မပြတ် ပြုံးနေမိတယ်။

ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာလမ်းမဟာ ကျန့်ကောနဲ့အတူ လျှောက်လှမ်းမှ ပြည့်စုံမှာပါ။

************************
သတိရခြင်းမှာ နာကျင်စရာတွေ များပြီး ဆုံးရှုံးမှုတွေနဲ့ ပြည့်နေလို့ ဒီအခန်းလေးထဲ
ရှီးချန် မလာဖြစ်တာ ကြာခဲ့ပြီ။

ဝမ့်ကျီးရဲ့ ဆိုင်ကယ်ဦးထုပ်တွေနဲ့ သူနှစ်သက်တဲ့ အသုံးအဆောင်တွေ ရှိတဲ့အခန်းလေး။
ဝမ့်ကျီးရှိတုန်းကလို ခြေရာလက်ရာမပျက်။

ဆိုင်ကယ်စီး ဦးထုပ်လေးတွေကို ခပ်ဖွဖွ
ထိရင်း ရှီးချန် မျက်ရည်ကျရပြန်တယ်။

"ညီလေးရယ် မင်းက ရှောင်ကျန့်ကို အချစ်ကြီးချစ်ပြီး စွဲလမ်းနေတုန်းဘဲလားကွာ"

"လူငယ်သဘာဝ စူးစမ်းချင်ကြတာဘဲလို့
ထင်ပြီး ကိုကြီးက မင်းနှလုံးသားခံစားချက်‌ကို သေချာမသိခဲ့မိတာ ခွင့်လွှတ်ပါနော် ညီလေး"

"ကိုကြီးဘာလုပ်ရမလဲ ပေးထားတဲ့ကတိတွေဆက်ထိန်းသိမ်းနိုင်ဖို့ ဘယ်လိုအင်အားနဲ့ ရှေ့ဆက်ရမလဲ ညီလေးရယ်"

မခွဲအတူ Where stories live. Discover now