[ ဒီအပိုင်းမှာ ဒီဇာတ်လမ်းရဲ့ ရှေ့ကဖြစ်ခဲ့တာတွေကို ဝမ်ဟန် ပါပါးက ရိပေါ်ကို ပြောပြခဲ့တာပါ ]
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့။
"ဥက္ကဌကြီး "
"ဒီနေ့မနက် ဝမ့်ကျီးက ခါတိုင်းထက် နှလုံး
ခုန်တာ ပိုနှေးလာတယ် ဦးနှောက်အလုပ်လုပ်တာလည်းနှေးလာတယ်လို့ ဆေးရုံက အကြောင်းကြားလာပါတယ်"လန်ဥက္ကဌရဲ့ မျက်နှာဟာ များစွာအိုစာ
သွားတယ်။"ငါဒီနေ့အတွက် ကြိုပြင်ထားပါတယ်
ဝမ်ဟန် မင်း ပျော်ရဲ့လား ငါခုလိုပျက်သုဉ်း
နေတာကို မြင်ရတာလေ ""ဒီလိုအနေအထားမှာ ပျော်နေရလောက်အောင် ကျနော် အောက်တန်းမကျပါဘူး ဥက္ကဌကြီး"
"ဝမ်ဟန် ခုဆို ငါသမီးရော ငါ့သားရောငါ့ကို စွန့်ခွာသွားကြတော့မယ် လောကကြီးမှာ ငွေတွေပုံပေးလို့ မရနိုင်တဲ့ အရာတွေ ရွှေတွေပေးလို့ မကယ်နိုင်တာတွေ ရှိနေမှန်း သိရဲသားနဲ့
ငါ့မာန်တွေကို မလျှော့နိုင်ခဲ့တဲ့ ငါ့အပြစ်တွေချည်းပါဘဲ""သမီးကြီး ရိဟို သားကြီး ရှီးချန် နဲ့ သားငယ် တို့အပေါ် ငါ မချစ်တတ်ခဲ့ဘူးထင်ပါရဲ့"
ပြောရင်းနဲ့ မျက်ရည်တွေ ကျလာတဲ့ ယောက္ခမဖြစ်သူကို ကြည့်ရင်း စိတ်မ
ကောင်း ဖြစ်မိတယ်။လန်ဥက္ကဌကြီးက ဝမ်ဟန်ကို သူ့သမီးကြီးရိဟိုနဲ့ လုံးဝသဘောမတူခဲ့ဘူး။ အဲဒီအချိန်တုန်းက ဝမ်ဟန်ကလည်း ကုမ္ပဏီသေးသေးတစ်ခုက သာမန်ဝန်ထမ်းတစ်ယောက်။
အာရှရဲ့ထိပ်တန်းလုပ်ငန်းစုကြီးဖြစ်တဲ့ Black Dragon ဥက္ကဌကြီးက သမီးဖြစ်သူ လန်ရိဟိုကို သာမန်ဝန်ထမ်းနဲ့ သဘောမတူနိုင်ခဲ့တာ
မဆန်းပါဘူး။သို့သော် ရိဟိုနဲ့ ဝမ်ဟန်က အခက်အခဲတွေကြားက ဇွတ်အတင်းလက်တွဲခဲ့ကြတယ်။
လန်လူကြီးမင်းရဲ့ ဒေါသနဲ့ မာန်မာနတွေဟာ သူတို့ဘဝတစ်ခုလုံး မုန်တိုင်းထန်စေခဲ့တယ်။
ရိဟိုမှာ ကိုယ်ဝန်ရှိလာပြီးနောက် သွေးဖြူဥနည်းတဲ့ရောဂါခံစားနေရကြောင်း သိရတော့ သူတို့ ဘဝတွေ ပိုပြီး ခက်ခဲလာတယ်။
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။