ရှီးချန်ဆီက ကြားလိုက်ရတဲ့ သတင်းက သူ့ကို တုန်လှုပ်စေတာတော့ အမှန်။
"ကျနော်ပြောတာတွေ နားထောင်ပြီး ကော ဆုံးဖြတ်ပါ ဖေဖေ့သဘောထားကို ကောက
ပိုသိပြီးသား ဖြစ်ပါလိမ့်မယ်"ဝမ်ဟန်မငြင်းနိုင်ဘူး ဆိုတာထက်
အရေးကြီးတာက ရိပေါ်အဆင်ပြေဖို့။" ရှီးချန် ငါတစ်ခုကြိုပြောချင်တယ်"
" ကော ပြောပါ"
"ငါ အသက်ရှင်နေသူကိုဘဲ ဦးစားပေးလိုက်မယ်ဆို မင်းလက်ခံမလား"
"ဘယ်လိုပြောလိုက်တာလဲ ဖေဖေ့ကို ကတိပေးထားတယ်လေ ဘယ်လိုလဲ ဖေဖေမရှိတော့လို့ တည်ဖို့မလိုဘူးလို့ ဆိုလိုတာလား တော်ပြီကော ကျနော်ပြန်မယ် ကောရဲ့ သဘောထားလည်း သိလိုက်ရပြီလို့
ထင်တယ်"လန်ရှီးချန်က ပြောပြောဆိုဆို ထထွက်သွားတော့တယ်။
ဝမ်ဟန်ကတော့ သက်ပြင်းချရင်း ခေါင်းကို ရမ်းလိုက်တယ်။ အသက်ရှင်နေသူသာ
ပဓာဏကျတယ်လို့ ထင်ပါတယ်။____________________________________
ဒေါက်....ဒေါက်
" ဝင်ခဲ့ပါ"
"အောင်မလေး ရှောင်ကျန့် အကြောင်းမကြား ဘာမကြားပါလားဟ"
"အွန်း ကျန်းချန် ငါမင်းကို သတိရလို့ ပြီးတော့ မင်းနဲ့ မတွေ့ရတာလဲ ကြာနေလို့"
" လာ ငါမင်းကို ညနေစာ ဝယ်ကျွေးမယ် ပြီးမှ ပြန်လိုက်ပို့မယ်"
" ဟင့်အင်း ငါ မစားတော့ဘူး ဒေါ်လေးတို့ဆီလည်း ဝင်အုံးမယ်"
" ဟာ အရေးတကြီးပါလား မင်းက "
" အင်း ရိပေါ်ပါတယ် အားချန်"
" ဘာ ဝမ်ရိပေါ် သူက ဘာလို့လိုက်လာတာလဲ"
" ငါက ကပ်လိုက်လာတာဟ"
"ရှောင်ကျန့် မင်းနေကောင်းတယ်မလား
လန်းလန်းဆန်းဆန်းလည်း ရှိနေတယ်"" ငါမင်းကိုပြောပြစရာ ရှိတယ် "
" ဘာလဲ ပြော ပြော"
"ငါ ရိပေါ်နဲ့ တွဲဖို့ ဆုံးဖြတ်လိုက်ပြီ အဖြေလည်း ပေးလိုက်ပြီးပြီ"
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။