(၆)

209 13 0
                                    

ကျန်းချန်ကို တွေပြီးတော့ လက်မြန်သည့် တစ်ယောက်ကိုရော တွေ့ဖို့လိုအပ်လို့ ရှောင်ကျန့် ဆေးရုံကို လာခဲ့လိုက်တယ်။

မလိုအပ်ဘဲ အကျယ်တဝင့်ဖြစ်လာသည့် သတင်းများကို ဖြေရှင်းဖို့ လိုအပ်နေပြီ။

အရင်ဆုံး ကျန်းချန်ဆီ သွားရမည်။တံခါးဖွင့်လိုက်ပြီး...

"အားချန် မင်း သက်သာရဲ့လား"

" အင်း မင်းလက်ရော ‌အားကျန့်"

"ငါ့ကို စိတ်မပူနဲ့ ရတယ် ပြီးတော့ ငါမင်းကို ပြောစရာ ရှိတယ် အားချန်"

" အင်း ပြော"

"ဟိုရက်က Black Dragon က ရှေ့နေ့ ငါ့ကိုလာတွေ့သွားတယ်

"ဘာလဲ တရားစွဲမလို့လား ဒီလူတွေကို ငါ...."

"နေအုံး ငါ့စကားမဆုံးသေးဘူး ကျန်းချန်"

ထိခိုက်မှုတွေအတွက် ငါ့ကိုတောင်းပန်သွားတယ် ပြီးတော့ သတင်းတွေ ထပ်မထွက်လာဖို့ ကူညီပေးပါတဲ့"

"လုံးဝမဖြစ်နိုင်ဘူးကွာ "
ကျန်းချန်က အပြတ်ငြင်းတယ်။

"အားချန် မင်းမိဘတွေနဲ့က လုပ်ငန်းဆက်စပ်နေကြတယ်လေ မင်းတို့ချင်းမသင့်မြတ်ရင် အလုပ်အတွက် မကောင်းဘူး"

"မကောင်းနေပါစေကွာ အဲ့ကောင်မျိုးနဲ့ တစ်သက်လုံး မပတ်သက်ဘူး"

"ကျန်းချန် စကားကုန် မပြောစမ်းနဲ့ကွာ သေချာစဉ်းစား ဟုတ်ပြီလား"

ကျန်းချန်ဒေါသနည်းသွားမှဘဲ ရှောင်ကျန့် သက်ပြင်းချမိတယ်။ တကယ်က ရှေ့နေပြောသွားတာတွေက ဒီထက်ပိုသေးတယ်။

ဟိုခရမ်း‌ရောင်ကိုယ်တော်က ‌နိုင်ငံခြားမှာနေပြီး ကျောင်းပြောင်းလာတာရယ် ပြီးတော့ ခပ်ဆိုးဆိုးနဲ့ ဘဝကို စိတ်ကြိုက်ဖြတ်သန်းနေသော အလိုလိုက်ခံ သားတစ်ယောက်ဆိုတာကို ထည့်မပြောဖြစ်ခဲ့ဘူး။

ကျန်းချန်ရဲ့ ဒေါသမီးတွေထဲကို မလိုအပ်ဘဲ ဆီမထည့်တာအကောင်းဆုံးဘဲ။

သူ့သူငယ်ချင်းအကြောင်း သူအသိဆုံး။

**************

"အစ်ကိုလေး"

"ဘာလဲ"

"ဧည့်သည်ရောက်နေတယ်"

မခွဲအတူ Where stories live. Discover now