ရှောင်ကျန့်က ရိပေါ်ပြောတာကို ဘာမှမတုံ့ပြန်ဘဲ အဆောက်အဦထဲက လှည့်ထွက်ဖို့ ပြင်လိုက်တယ်။
"ရှောင်ကျန့် ခဏနေပါအုံး"
ရိပေါ်က နောက်က ပြေးလိုက်လာတာ
မို့ ရှောင်ကျန့် ရပ်လိုက်တယ်။"ကျွန်တော်တို့ကြားမှာ ဒီလောက်အထိ သူစိမ်းပြင်ပြင်နေလာကြတာ လုံလောက်ပြီထင်ပါတယ် "
ရှောင်ကျန့်က သူ့ဘေးကိုလာရပ်ပြီးစကားပြောလာတဲ့ ရိပေါ်ကို ကြည့်လိုက်
ပြီးတော့ ဆက်ပြောတယ်။"ဒါရိုက်တာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်မပြောကြရအောင် အစကတည်းက မှားခဲ့တာ ကျွန်တော်ပါ။ဒါရိုက်တာကို စိတ်ရှုပ်အောင် လုပ်ခဲ့မိတာ"
"သူစိမ်းပြင်ပြင်ဆိုတဲ့စကားက မှန်ပါတယ် ကျွန်တော်တို့က သူစိမ်းတွေမို့ ထပ်ပြီး အမှားမလုပ်မိအောင် ကျွန်တော်ဆင်ခြင်ခဲ့တာပါ"
ရှောင်ကျန့်က စကားအရှည်ကြီးပြောပြီး
ရှင်းပြလိုက်တယ်။ ရိပေါ်ကို ထားခဲ့ပြီး ရှေ့ဆက်ပြီးလျှောက်လာခဲ့တယ်။ရိပေါ်က ပြေးလာရင်း ထပ်ပြီး ရှောင်ကျန့်နဲ့ ဘေးချင်းယှဉ် လမ်းလျှောက်တယ်။
စကားတော့ ထပ်မပြောတော့ဘူး။
တစ်ချက်တစ်ချက် ရှောင်ကျန့်ဘက် လှည့်ကြည့်တယ်။ ပြီးတော့ ခေါင်းငုံ့သွားတယ်။
ရိပေါ် ခိုးပြီး ပြုံးလိုက်တာတော့ ရှောင်ကျန့်တစ်ယောက် မမြင်ခဲ့လိုက်ဘူး။
************
ရှောင်ကျန့် side ထဲ ရောက်တော့ ဆောက်လုပ်ရေးသမားတွေ မျက်နှာမသာ
မယာဖြစ်နေကြတာကို တွေ့ရတယ်။ရှောင်ကျန့်က "ဒု-ခေါင်းဆောင် ရှိလား"
" ဟုတ်ကဲ့ လာပါပြီ"
"ဘာဖြစ်နေကြတာလဲ တစ်ခုခုဖြစ်နေတာ သတိထားမိတယ်သေချာ ပြောပြပါအုံး"
ဒု-ခေါင်းဆောင်ကို ရှောင်ကျန့်မေးလိုက်တယ်။
"ကျနော်တို့ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင် အလုပ်ထုတ်ခံရတယ် ဆရာ"
"ဒါရိုက်တာ ရုံးခန်းကစာ ဒီနေ့ မနက်ဘဲ ရောက်လာတယ်"
ဒုခေါင်းဆောင်က စကားကို ရပ်လိုက်သော်လည်း သူ့မှာ တခြားပြောစရာ ရှိနေသေးတာ ရှောင်ကျန့် သတိထားမိလိုက်တယ်။
![](https://img.wattpad.com/cover/216222918-288-k664017.jpg)
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။