(၁၇)

141 12 0
                                    

မနက်လင်းလို့ ရိပေါ် နိုးလာတော့ ရှောင်ကျန့်ကို မတွေ့ရတော့။

"ဘာလဲ တောင်အောက်ပြန်ဆင်းသွားနှင့်
ပြီလား?

ရိပေါ် အပြင်ထွက်လာခဲ့တော့ မလှမ်းမကမ်းက သစ်ပင်အောက်မှာ ရှောင်ကျန့်က
သစ်ပင်ပေါ်က နှင်းတွေကို မော့ကြည့်ရင်း မတ်တပ်ရပ်နေခဲ့တယ်။

ရိပေါ်က ရှောင်ကျန့်ဆီလျှောက်လာခဲ့ပြီး...

"ရှောင်ကျန့် ခင်ဗျား ကျွန်တော့်ကို တစ်ခုခု
ပြောဖို့လိုအပ်တယ်လို့ ထင်တယ်"

ရှောင်ကျန့်က ရိပေါ်ကို မကြည့်ဘဲ...

"မရှိပါဘူး ဒါရိုက်တာ.. နောက်ပြီး တောင် အောက်ဆင်းမယ်ဆို အဆင်သင့်ဖြစ်နေပါပြီ"

ရိပေါ် စိတ်ထဲ တော်တော်တင်းသွားရပြီ။
ရှောင်ကျန့်ကို ဘာမှမေးလိုစိတ်မရှိတော့။

တောင်အောင်ဆင်းတော့ ရိပေါ်ကရှောင်ကျန့်ကို စကားတစ်ခွန်းမှ ထပ်မပြောခဲ့သလို
ရှောင်ကျန့်ဘက်ကလည်း ပြောဖို့မကြိုးစား
ခဲ့ပါဘူး။

-------------------------------

----- Phone Ringing----

ဖုန်းခေါ်သူကို ကြည့်လိုက်တော့ ကျန်းချန်
ပြုံးလိုက်ပြီး...

"ဟဲလို ခွေးကောင်ကျန့် ငါ့ဆီ ဆက်သွယ်
သေးနော်  သေပြီထင်နေတာ"

ရှောင်ကျန့် ဖုန်းခေါ်တာကို ကျန်းချန်က ထောပနာပြုပြီး ထူးလိုက်တာ။

"ဟား ဟား အေးပါ ကျန်းချန်ရာ ငါ
အလုပ်ပိနေလို့ပါကွ"

" အေး အလုပ်ဘဲ လုပ်နေလိုက်"

" အားချန် မင်းကလည်း မင်းဘဲ လုပ်ဆိုလို့
ငါလုပ်နေတာလေ"

"အမလေး ကျန့်ကျန့် မင်းဘယ်တုန်းက ငါ့စကား အဲလောက်လက်ခံသွားလဲ ဟမ်"

" ဒါနဲ့ ‌အားကျန့် မင်းနေကောင်းရဲ့လား"

" နေမကောင်းဘူး မင်းလာပြုစုလှည့်"

ရုတ်တရက် ရှောင်ကျန့်က အဲလိုပြောလိုက်တော့ ကျန်းချန် လန့်သွားတယ်။

"ဟဟ လန့်သွားလား အားချန် ငါနောက်တာပါ ငါနေကောင်းပါတယ် ပြန်လာရင် ဆုံကြစို့ "

မခွဲအတူ Where stories live. Discover now