ဒီနေ့ နှင်းလျှောစီးလုပ်ငန်းခွင်မှာမိုးရွာတယ်။
မသည်းပေမယ့် ဖွဲဖွဲလေး ဆက်တိုက်ရွာနေတဲ့မိုးကြောင့် အပြင်မှာ ရာသီဥတုက နှင်းတွေကြောင့်ရော မိုးကြောင့်ရော အေးနေတယ်။ရှောင်ကျန့်ကော်ဖီလေးနှပ်ထားပြီးသူ့ဆီ
ဖုန်းခေါ်လိုက်တယ်။" အင်း ကော"
" နိုးပြီလား ရိပေါ် "
" အင်း ခုနကဘဲ နိုးတယ် မထသေးဘူး"
အိပ်ချင်မူးတူး အသံနဲ့ဖြေတဲ့ cool guy လေးကို ရှောင်ကျန့် သဘောကျစွာ ခပ်တိုးတိုးရယ်ဖြစ်တယ်။
" ဟင် ကော ရယ်လိုက်တာလားဟင် ကောရေ ရယ်လိုက်တာလားဆို အချစ်ရေ ဖြေပေးပါအုံး လို့ ..."
"ရိပေါ် ရေ မစနဲ့တော့ ကော ပြောမလို့"
" ဟုတ် ပြောလေ "
" ကောဆီ ကော်ဖီလာသောက်ချင်လားဟင်"
"ဟာ သောက်မယ် သောက်ချင်တယ်
အခုလား ""ဖြေးဖြေးမေးပါ ရိပေါ်ရယ် ခုကစပြီး လာလို့ရပြီလို့နော်"
" ရေချိုးပြီး ချက်ချင်းလာခဲ့မယ် ခဏလေးစောင့်ပေး ကော "
ရိပေါ် ဖုန်းချပြီးတော့ အပြေးအလွှား ရေချိုးတယ်။ ကော အခန်းကို ရောက်ဖူးချင်နေတာ ကြာလှပြီ ခုမှဘဲ အခွင့်ရတော့တယ်။
ရေချိုးပြီး အဝတ်အစားအမြန်
လှယ်ပြီး ချက်ချင်းထွက်လာခဲ့တယ်။"ဒေါက်...ဒေါက်"
ရိပေါ် တံခါးခေါက်လိုက်တော့ တံခါးလာဖွင့်ပေးချိန်မှာ မြင်လိုက်ရတဲ့ ရှောင်ကျန့် အပြုံးလွင်လွင်က သူ့နှလုံးခုန်သံကို ငါးဆလောက်တိုးစေတယ်။
" မောနင်း ကော ကျနော့်ကို ဖိတ်လို့ကျေးဇူးတင်ပါတယ်နော်"
" အင်း ဝင်လေ ရိပေါ် လာ ဒါနဲ့ မင်းခေါင်းလျှော်လာတာလား "
"ဟုတ်တယ် "
"ရေတွေ မပြောင်သေးဘူးလေ သေချာလည်း မသုတ်ခဲ့ဘူး"
"ကော စောင့်နေရမစိုးလို့ မြန်မြန်လာခဲ့တာ ခဏနေ ခြောက်..သ .. သွား .. ဟတ်ချိုး ...ဟတ်ချိုး"
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။