(၂၇)

121 7 0
                                    

--Ringing---

‌" အေး ကျန်းချန် "

"အလုပ်လား ဆင်းတော့မယ် လာကြိုမို့လား အေးပါ စောင့်နေမယ် "

ကျန်းချန်ဖုန်းဆက်လာရင်း ကြိုမယ်ဆိုတော့ ညနေစာ အတူစားဖြစ်တော့မှာ သေချာတယ်။

ယွီပင်းတို့ ကျင်းရီတို့ကတော့ ‌ဒဏ်ရာ
တွေရထားတဲ့ ရှောင်ကျန့်ကိုကြည့်ရင်း
စုတ်တသပ်သပ်။

ကျန်းချန်ရောက်တော့ ရှောင်ကျန့်ထွက်
လာခဲ့တယ်။

"အားကျန့် မင်း ဒဏ်ရာတွေသက်သာလား"

"သက်သာပါတယ် ဒါရိုက်တာကလည်း ငါ့ကို နားစေချင်တယ် ထင်ပါရဲ့ ပေကျင်းဘက်က အလုပ်ဘဲ တာဝန်ယူခိုင်းထားတယ်"

" အေးပါ အဲ့ဒီကောင်နားလည်ဖို့ဘဲ လိုတယ် "

"ဟဟ အားချန်ရာ ရိပေါ်က စာနာတတ်ပါတယ်ကွ မင်းကလည်း...."

"ရိပေါ်တဲ့လား မတအားတွေရင်းနှီးနေပြီပေါ့ ဟုတ်လား ကျန့်ကျန့်"

"သူ့ကို အဲလိုခေါ်စေချင်တယ်လို့ ပြောထားတယ် တစ်ခါမှတော့ မခေါ်ဖူးဘူး"

"ပေါ်ပေါ်လို့ ခေါ်ပါ့လား ပိုပြီး ကောင်းသွားတာပေါ့ "

ကျန်းချန် ရွဲ့ပြောတာကို ရှောင်ကျန့်က
ရယ်နေတယ်။

" အားချန် မင်းဘာစားချင်လဲ "

" အမဲနံရိုးကင်ကွာ"

" အိုကေ တူတူဘဲ လစ်  ဟားဟားဟား "

အမဲနံရိုးကင်ဆိုင်ရောက်တော့ ကျန်းချန်နဲ့အတူ အားရပါးရ စားပစ်လိုက်တယ်။

အရက်တော့ မသောက်ချင်ဘူး။

အရင်က သူတို့နှစ်ယောက်အပြင် ဝမ့်ကျီးလည်း အတူစားနေကျ ဆိုင်ပါဘဲ။

ဒီတစ်ခါတော့ ‌စားနေရင်း နည်းနည်းငိုင်သွားတာကလွဲရင် ရှောင်ကျန့် မငိုဘူး။

အရမ်းပြုံးရယ်နေပုံထောက်ရင် သူငယ်ချင်း ယုန်လေးတော့ စိတ်ညစ်စရာ ကြီးကြီး
မားမား ရှိပြန်ပြီထင်ပါရဲ့။

ကျန်းချန်လည်း ရှောင်ကျန့်နဲ့ အတူလိုက်ရယ်ပေးလိုက်တယ်။ ဘာနေနေ နောင်မှရှင်းမယ်
ဆိုပြီး။

မခွဲအတူ Where stories live. Discover now