Wang Group ကို စုံစမ်းလိုက်တော့ CEO က အလုပ်က အနားယူထားတယ်ဆိုတာဘဲ သိရပြီး ကျန်တာကို
ရှောင်ကျန့်ဘာမှမသိခဲ့ရဘူး။စိတ်ညစ်ညစ်နဲ့ကားမောင်းလာရင်း အရင်တစ်ခေါက်က မကြည့်ဖြစ်ခဲ့တဲ့
အိမ်လေးကို သတိရသွားတယ်။ခြံဝန်းတံခါးနားလေး ရပ်ကြည့်လိုက်တော့ သော့ခတ်မထားဘူးဘဲ။
အထဲအထိ ဝင်ကြည့်လိုစိတ်က တား
မရနိုင်တာကြောင့် ရှောင်ကျန့် လမ်းလေးအတိုင်း လျှောက်ဝင်လာမိတယ်။အံ့ဩပြီးရင်း အံ့ဩရတယ်။သူ့စိတ်ကူးအိမ်ကလေးနဲ့ တိုက်ဆိုင်စွာ
တူလွန်းတယ်။
အဖြူရောင်ခြံ အဖြူရောင်အိမ် သစ်တော အုပ်လေးရယ် ရေကန်
လေးရယ် ။ရှောင်ကျန့် မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးက တစ်ဖက် မျှော်လင့်ချက်က တစ်ဖက် လွန်ဆွဲရင်း လျှောက်လာ
မိတယ်....။ဆင်ဝင်အောက်ရောက်တော့
အစိမ်းရောင် ခန်းဆီးလိုက်ကာလေး
ကို မြင်လိုက်ရချိန်မှာတော့ ရှောင်ကျန့် အိမ်ထဲကို ပြေးဝင်ခဲ့မိလိုက်ပါတော့တယ်။နံရံမှာ ဝါးပင်ရိပ်လေးတွေကို ပုံဖော်ထားတာရှောင်ကျန့် ထပ်မြင်လိုက်ရတော့ နင့်နင့်သီးသီးနဲ့ နာမည်တစ်ခုကို ခေါ်လိုက်မိတယ်။
" ရိပေါ် "
အရိပ်ကလေးကို လိုက်ရှာရင်းနှလုံးသားကလည်း ထွက်ကျမတတ်
ခုန်နေတယ်။ရှောင်ကျန့်က တစ်အိမ်လုံး နှံ့နေအောင် ရှာလိုက်တယ်။
ဘယ်သူမှ ရှိမနေခဲ့ပါဘူး။
ရှောင်ကျန့် ဧည့်ခန်းအလည်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိတယ်။
------------------------------------------------"ရပြီကော ခြံရှေ့မှာဘဲ ရပ်ပေးတော့ ကျနော် လမ်းလျှောက်ဝင်သွားချင်လို့"
"ရိပေါ် လိုအပ်တာရှိရင် ကောကို ခေါ်လိုက်နော် ကြားလား ပေပြီးမနေနဲ့"
"အင်းပါ ကောရ လိုက်ပို့ပေးတာကျေးဇူးနော် နောက်တစ်ပတ်မှ
တွေ့မယ်""ဝမ်ရိပေါ် တစ်ပတ်မှာ တစ်ရက်ဘဲ ကုမ္ပဏီကိုလာတယ် ငါ့ကို ကားမောင်းလာကြိုခိုင်းတယ်"
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။