(၂၈)

119 8 0
                                    

ဒီအခန်းလေးကို ရိပေါ် သဘောကျတယ်။
သူ့စိတ်ကို သက်တောင့်သက်သာရှိစေလို့။ အဖိုးတန်ပစ္စည်းတွေနဲ့ အလှဆင်ထားတာ
မရှိဘူး။ အိပ်ခန်းလေးတစ်ခန်းဘဲ ပါတယ်။ မီးဖိုခန်းနေရာ နဲ့ ဧည့်ခန်းနေရာက သီးသန့်လေး ရှိနေတာကလွဲရင် အားလုံးက ကြမ်း
တပြေးတည်း။

ကျန့်ကော ခဏတာအိပ်စက်သွားတဲ့ သူ့အိပ်ရာရှိတယ်။ ဒီအိမ်ကို ကော နှစ်ကြိမ်တိုင်တိုင်ရောက်ဖူးတယ်။

ကုတင်ပေါ် လှဲချလိုက်ရင်း မျက်လုံးတွေ
ပိတ်ထားလိုက်တယ်။ ဘာမှ မစဉ်းစားတော့ဘူး။ အိပ်ဖို့လိုအပ်လို့။

****************

*ပေကျင်း အပြည်ပြည်ဆိုင်ရာ ဆေးပညာရပ်ဆိုင်ရာ ညီလာခံ*

ဒေါက်တာကျန်းချန်လည်း တက်ရောက်ခွင့်ရတယ်။ သူ့ပိုင်တဲ့ KCဆေးရုံက တရုတ်ပြည်ရဲ့ ဆေးကုသမှု အကောင်းဆုံး ဆေးရုံတွေထဲက တစ်ခုဖြစ်နေလို့ပါ။

ညီလာခံ ပြီးသွားတော့ ကျန်းချန်လည်း ပြန်ဖို့ထွက်လာရင်း...

" အ ဆောရီး မတော်မိလို့ပါ"

ငေးရင်းထွက်လာတာမို့ လူတစ်ယောက်ကို
ဝင်တိုက်မိသွားတယ်။ ကျန်းချန်လက်ထဲက ဖိုင်တွေ ပြုတ်ကျသွားတော့ ထိုလူက အတူလာကောက်ပေးတယ်။

ပြီးတော့ ကျန်းချန်လက်ထဲကို စာရွက်တွေ ကမ်းပေးလာတော့ အမှတ်မထင် ကြည့်လိုက်မိရင်း....

ပိန်ပိန်သွယ်သွယ် အရပ်မြင့်မြင့်နဲ့ ထိုပုဂ္ဂိုလ်က

"တောင်းပန်ပါတယ် မတော်မိလို့ပါ ကျနော်
က ငေးရင်း လာတော့ ဝင်တိုက်မိတာပါ"  လေသံခပ်အေး‌အေးနဲ့ ဆိုတယ်။

"ရပါတယ် ကျနော်လည်း ငေးလာတာမို့ပါ "

"ကျခဲ့တဲ့ စာရွက်စာတမ်းတွေလည်း မကျန်တော့ပါဘူးနော်"

" ဟုတ်ကဲ့ မကျန်ပါဘူး"

ထိုလူက စကားဆိုတယ်။

"အော် ဒေါက်တာ့ရဲ့ ခွဲစိတ်မှုမှတ်တမ်းဗီဒီယိုတွေက တကယ်လေးစားဖို့ကောင်းပြီး ပညာယူရပါတယ် ကျနော့်ကို ခွင့်ပြုပါအုံး"လို့
ပြောပြီး ကျန်းချန်ရှေ့က ‌ခြေလှမ်းကျဲကျဲ
နဲ့ထွက်ခွာသွားတယ်။

မခွဲအတူ Where stories live. Discover now