(၈)

157 10 0
                                    

ရှောင်ကျန့်နိုးလာတော့ မျက်နှာသစ်ပြီး
အောက်ထပ်သို့ဆင်းလာခဲ့သည်။

သူ့ကိုမြင်တော့ ဒေါ်လေးက

"အားကျန့် နိုးပြီလား လာလေ မနက်စာပြင်ထားပြီ"

"နေကောင်းရဲ့လား ဒေါ်လေးက မင်းနိုးတာစောင့်နေတာ"

"နေကောင်းပါတယ် ဒေါ်လေး"

"လာလေ စားရအောင်"

ဒေါ်လေး လက်ရာ စွပ်ပြုတ်ပူပူနွေးနွေးနှင့်
မှိုသုပ်ကို ရှောင်ကျန့်တော်တော်များများ
စားဖြစ်လိုက်သည်။

"စားကောင်းရဲ့လား"

"ဟုတ် ဒေါ်လေး ကျွန်တော့်ကို ပြောစရာရှိလို့ စောင့်နေတာမလား ပြောပါ ကျွန်တော်နားထောင်နေပါတယ်"

" အိမ်ရှေ့ခန်းမှာ မင်းဦးလေးလဲ ပြန်ရောက်ပြီ သွားကြရအောင်"

ဧည့်ခန်းမှာ ထိုင်ကြတော့ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်တာက ဦးလေး

"အားကျန့်ကို ဦးလေးမေတ္တာရပ်ခံစရာတစ်ခု
ရှိတယ်"

"ဟုတ် ဦးလေး ဘာများပါလဲ"

"အားကျန့် နာကျင်ရတာတွေ ခံစားရတာတွေကို ဦးလေး နားလည်လက်ခံပါတယ် ခုဆို အချိန်တွေလည်း ကြာခဲ့ပြီပေါ့ကွာ။ ကိုယ်ချစ်ရတဲ့သူကို ဆုံးရှုံးရတာ ဘဝမှာ ရှင်လျက်နဲ့ သေဆုံးရသလို အဓိပ္ပါယ်မဲ့သွားတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူ့နောက်ကိုလိုက်သွား
လို့မှ မရနိုင်တာကွာ"

"ကျန်ရစ်ခဲ့သူဟာ ရှေ့ဆက်ဖို့ အားတင်းကြရတာပါဘဲ အားကျန့်"

"သူ့ကို မေ့လိုက်ပါလို့ ဦးလေး မပြောပါဘူး တစ်သက်လုံးချစ်သွားလို့ရပါတယ်။ဒါပေမဲ့
ဦးလေးတို့အနေနဲ့ မင်း ဒီလို အပျက်အပျက်နဲ့ဘဝကို အရှုံးပေးသွားမှာ သိပ်ကိုစိုးရိမ်‌မိတယ် အားကျန့်"

"မင်းဒေါ်လေးရော ဦးလေးရော ပြီးတော့
အားချန်ရော အနားမှာ ရှိနေတယ်လေ"

"ဆေးရုံနဲ့ အိမ် အိမ်နဲ့ဆေးရုံ လေယာဉ်ပျံကွင်း ဒီနေရာတွေကို သွားနေရင်းနဲ့ဘဲ ဘဝကို
မကုန်ဆုံးစေချင်ဘူး အားကျန့်"

မခွဲအတူ Where stories live. Discover now