(၂၂)

127 9 0
                                    

လန်ရှီးချန်ကတော့ တစ်ယောက်တည်း
စားရတဲ့ မနက်စာတွေကို လက်မခံချင်ဘဲ လက်ခံခဲ့ရတာ တော်တော်ကြာပါပြီ။

အိမ်တော်ထိန်းကြီးက သူ့အနားမှာ
မတ်တပ်ရပ်နေတယ်။

စားနေတာကို လက်စသတ်လိုက်ပြီး...

"ဘဘကို ကျွန်တော် ပြောစရာရှိတယ်"

" အမိန့်ရှိပါ သခင်ကြီး"

"နယ်လှည့်ပြီး ဆေးကုသမှုတွေ စလုပ်တော့မယ် ဒီအိမ်ကို ဆက်ပြီး စောင့်ရှောက်ပေး
ပါအုံး"

"အမိန့်အတိုင်းဆောင်ရွက်ပါမယ်
ဘယ်နေ့ စသွားမလဲ ခင်ဗျာ"

"မနက်ဖြန်"

************

ရှောင်ကျန့်ကို ကျန်းချန်က သူ့အိမ်ကိုဘဲ
ခေါ်လာလိုက်တယ်။

" အားချန် ငါမင်းအိမ် ‌ရောက်လာပြန်ပြီလား "

" မင်း အိပ်ပျော်နေတယ် ထင်တာ"

" ငါ မအိပ်ပါဘူး ငါဘာလုပ်သင့်လဲ အားချန်"

" မင်း ဘာလုပ်ချင်လဲ"

"အမေရိကန်မှာ စုံစမ်းလို့ရတာ ငါ့ကို အကုန်ပြောပြပါလား အားချန်"

"မင်းကိုဖုံးကွယ်ထားတာ ဘာမှမရှိတော့ဘူး ရှောင်ကျန့်"

ရှောင်ကျန့် နာနာကျင်ကျင် ရယ်မိပြန်တယ်။

"စုံစမ်းရင်း ငါသိခဲ့ရတာက မင်းကို ပြောပြတာအကုန်ဘဲ ပြီးတော့ လှူကြတာကိုတော့ အများအားဖြင့် လျို့ဝှက်ထားတယ် အားကျန့်"

" ငါ အမေရိကကိုသွားရမလား အားချန်"

"ပင်ပန်းတာအပြင် မပိုဘူး အထူးသဖြင့်
ဝမ့်ကျီးတို့လို ဆွေကြီးမျိုးကြီးတွေရဲ့ကိစ္စ‌‌
ပိုက်ဆံသာကုန်မယ် သတင်းကုန်မရနိုင်ဘူး"

" မင်းမှသွားချင်တယ် ဆိုရင်တော့
ငါ စီစဉ်ပေးနိုင်ပါတယ် အားကျန့်"

ကျန်းချန်ပြောတာ အမှန်တွေပင်။

"ဘဝမှာ အများကြီး ပိုင်ဆိုင်ခွင့် မရှိခဲ့ပါဘူး ညီရယ် ဒါပေမယ့် မင်းနှလုံးသားလေးသာ ရှင်သန်နေဆဲဆိုရင် ကျေးဇူးပြုပြီး တစ်ကြိမ်တစ်ခါလောက်ပဲ ဖြစ်ဖြစ် ငါမြင်ခွင့်ရပါရစေ အဲဒီ လူသားကို" ရှောင်ကျန့် ရင်ထဲမှာဘဲ
တိုးတိတ်စွာ ဖွင့်ဟဝန်ခံလိုက်တယ်။

မခွဲအတူ Where stories live. Discover now