(၁၉)

136 11 0
                                    

ရိပေါ် ပြန်ရောက်တော့ ညည့်နက်ပြီ။
သေချာနေမကောင်းသေးတဲ့ ရှောင်ကျန့်
ကို နားစေချင်တာကြောင့် တွေ့ချင်စိတ်
ကိုချိုးနှိမ် ထားလိုက်တယ်။

မနက်မိုးလင်းလာဖို့ဘဲ မျှော်မိသည်။
သူကိုယ်တိုင်လည်း လူရော စိတ်ရော
အနားယူပစ်လိုက်တယ်။

မနက်လင်းတော့ ရိပေါ် နိုးလာခဲ့ပြီး အခန်းလိုက်ကာတွေ ဆွဲဖွင့်လိုက်တော့ နေရောင်
က သူ့အခန်းကို ချက်ချင်း နွေးထွေးသွား
စေတယ်။

နေရောင်ကို လက်နဲ့ကာရင်း အပြင်ကိုလှမ်းကြည့်မိတော့ သူ့ရဲ့ရှောင်ကျန့်က အပြာရောင် long coat ရှည်လေးကို ဝတ်ထားပြီး ဖြည်းဖြည်း‌အေးအေးနဲ့လုပ်ငန်းခွင်ရှိတဲ့
ဘက်ကို လျှောက်သွားနေတာ တွေ့လိုက်
ရတယ်။

ရိပေါ်  အခန်းထဲက အလျှင်အမြန်ပြေးထွက်
ခဲ့ပြီး ရှောင်ကျန့်သွားတဲ့ဘက် လိုက်ခဲ့လိုက်တယ်။ တိတ်တိတ်လေး ။

နေရောင်ကောင်းကောင်းရတဲ့ ‌ခုံတန်းလျားလေးမှာ ရှောင်ကျန့်က ထိုင်ရင်းအ‌ဝေးကို
ငေးနေတယ်။

ရှောင်ကျန့် အေးဆေးလေးထိုင်နေတာကို
မြင်နေရတာ ရိပေါ် ရဲ့စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတယ်။ စိတ်ထဲမှာလည်းပြီးပြည့်စုံသလို ခံစားလိုက်ရတယ်။

ပိုပြီးမြင်ချင်တာကြောင့် ရိပေါ် ရှေ့တိုးလိုက်‌
ခါမှ သစ်ကိုင်း‌တစ်ခုကို တက်နင်းမိတော့ ကျွတ်ကနဲအသံကြောင့် ရှောင်ကျန့်က
လှည့်ကြည့်လာတယ်။ ပြီးတော့ ပြုံးပြ
လာတယ်။

ရိပေါ်  ယောင်ရမ်းပြီး အသက်အောင့်မိ
လိုက်တယ်။

"ဒီလူရဲ့အပြုံးဟာ တကယ်ကို လှပလွန်းတာ
ပါလား" လို့ ရိပေါ် တွေးမိနေတုန်း။

" ဒါရိုက်တာ လမ်းလျှောက်လာတာလား"

" ဟုတ်တယ် နေသာတယ်လေ နွေးနွေး
ထွေးထွေးလည်း ရှိလို့"

"ဟုတ်တယ် ဒါရိုက်တာ ကျနော်တို့
ဟိုဘက်နားထိ အတူလျှောက်ကြမလား"

"ကောင်းသားဘဲ"

ရိပေါ် က ရှောင်ကျန့်နဲ့ ဘေးချင်းယှဉ် လျှောက်လိုက်တယ်။

မခွဲအတူ Where stories live. Discover now