(၂၀)

147 10 0
                                    

မိုးတွေဟာ သည်းသည်းမည်းမည်း
ရွာနေတုန်းဘဲ။

အရာရာဟာ အသစ်ဖြစ်ခဲ့ပြန်ပြီပေါ့။ ဝေ့ဝဲ တက်လာတဲ့ မျက်ရည်တွေကိုမထိန်းနိုင်တဲ့အဆုံး နေကာမျက်မှန်ကို တပ်လိုက်တယ်။

ထွက်သွားခဲ့တုန်းက ကိုယ်ပိုင်တယ်ထင်တဲ့ အရာတွေဟာ အခုတော့ ခြားနားလေပြီ။

ခဏဘဲလို့ စိတ်ထဲမှာ ထင်ခဲ့ပေမယ့် ပြန်ရနိုင်စရာရော အစားထိုးစရာ မရှိတော့ဘူး။

ပေကျင်းလေဆိပ်ကို ခြေချလိုက်တော့
ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်လာပြီ
ဆိုတဲ့ ခံစားချက်ကြောင့် လွမ်းဆွတ်မှုက
အရင်ကအတိုင်း ရင်နဲ့ မဆံ့။ ကြေကွဲမှု
ကလည်း မပြောင်းမလဲ အတိုင်းအဆမဲ့
နေတုန်းပါဘဲ။

အစားထိုးမရနိုင်တဲ့ ဆုံးရှူံးမှုတွေဟာ
သူ့ရင်ကို နာနာကျင်ကျင် ရိုက်ခတ်
ဆဲပါဘဲ။

ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ ကျောပိုးအိတ်လေးကို ပိုပြီး ထွေးပိုက်ထားလိုက်တယ်။ အတွင်းထဲမှာ ရှိတဲ့ အဖြူရောင် ကြွေအိုးလှလှလေးကတော့ ငြိမ်ငြိမ်သက်သက်လေး။

စံအိမ်ဝင်းထဲကို ဝင်လိုက်တော့ အရင်ကအတိုင်း မပြောင်းမလဲ။ သစ်ပင်တွေက
ပိုကြီးလာတယ်။ ပန်းတွေကလည်းလှပ
နေဆဲ။ အပြာရောင်စံအိမ်ကြီးဟာ နဂို
အတိုင်း ထီးတည်းကြီး ခန့်ညားနေမြဲ။

ဆင်ဝင်အောက် ကားရပ်လိုက်တော့
အဖြူရောင် ရိုးရာဝတ်စုံဝတ်ထားတဲ့
အသက် ၆၀ လောက် အမျိုးသားကြီး
တစ်ဦး ထွက်လာတယ်။

အဘိုးက ကားတံခါးကို ဖွင့်ပေးပြီး နောက်ကို ဆုတ်ကာ ခါးကို ကိုင်းပြီး ရိုသေညင်သာစွာ ပြောလိုက်တယ်။

"စံအိမ်တော်ကနေ ကြိုဆိုပါတယ်
သခင်ကြီး နဲ့ သခင်လေးတို့ ခင်ဗျာ"

" အဲလိုမခေါ်ပါနဲ့ဆို ဘဘရယ်"

စကားပြောရင်း ကားပေါ်က ဆင်းလာသူက ကရုဏာ အသံပိုင်ရှင်။ မြင့်မားတဲ့ အရပ်၊ ဖြူစင်တဲ့ အသားအရည်၊ ကြင်နာတတ်တဲ့ မျက်ဝန်းတွေက ဝမ်းနည်းရိပ်တွေ
ဖုံးလွှမ်းနေတယ်။

ပါမောက္ခ ဒေါက်တာလန်ရှီးချန် ။ အထူးကု ဆရာဝန်ကြီး။လန်ဥက္ကဌကြီးရဲ့သားကြီးဩရသပေါ့။

မခွဲအတူ Where stories live. Discover now