============
ပြေးသူနှင့်လိုက်သူ ၃
=============
ဝေ့ဝူရှန့်မှာ ထိုသူ့မျက်နှာကိုတောင် အာရုံမစိုက်နိုင်ဘဲ ငေးစိုက်ကြည့်နေမိသည်။ ထိုစဥ် သူ့ထံသို့ ပြာလဲ့အေးစိမ့်သော အငွေ့သက်နှင့်အတူ ဓားတစ်ချောင်းပျံသန်းလာလေသည်။
" ထိုဓားမှာ ဟန်ကွမ်းကျွမ်း၏ ကျော်ကြားလှသော ဘီချန် ဖြ စ်ကြောင်း မည်သူမသိဘဲနေမည်နည်း..."//သေစမ်း....ဒါ.. ဟန်ကွမ်းကျွမ်း ဘဲ//
ဝေ့ဝူရှန့်သည် ယခင်ဘဝထဲက ထွက်ပြေး တိမ်းရှောင်မှုတွင် အလွန်ကျွမ်းကျင်သည်။အလျင်အမြန် မြေပေါ်လှိမ့်ချ၍ ပွတ်ကာသီကာရှောင်လိုက်နိုင်သည်။ သူသည် ခေါင်းမပါသော ယင်ကောင်လိုတရှိန်ထိုးပြေးရင်း အစောင့်များနှင့်ပက်ပင်းတိုးတော့သည်။
"ခင်များ ဘာလို့ပတ်ပြေးနေတာလဲ.. တိမ်လွာနန်းမြိုင်မှာ ပြေးတာ ကို တားမြ စ်ထားတယ်"လန်ကျင်းရီ နှင့် အခြားသူများဖြ စ်ကြောင်းတွေသောအခါ ဝေ့ဝူရှန့်သည် ဝမ်းသာသွားကာ သူတောင်အောက်ဆင်းနိုင်တော့မည်ဟုတွေးမိသည်။ သူသည် ချက်ချင်းပင် သူဘာသာသူပြောလိက်သည်။
" ငါမမြင်ခဲ့ဘူး.. ငါဘာမှမမြင်ခဲ့ဘူး.. ငါ... ဟန်ကွမ်းကျွမ်း ရေချိုးတာကို ခိုးကြည့် ဖို့ လာခဲ့တာမဟုတ်ပါဘူး "
သူ၏ အရှက်မဲ့စကားများကြောင့် လူငယ်များသည် တုန်လှုပ်သွားကြ သည်။ သူတို့သည် သန့်စင်မွန်မြ တ်လှသော ဟန်ကွမ်းကျွမ်းကို အလွန် ရိုသေလေးစားကြ သည်။
လန်စစ်ကျွေးမှာ ထိတ်လန့်လွန်း၍ အသံများပင်ပြောင်းသွားသည်။
" ဘာ... ဟန်ကွမ်းကျွမ်းက အထဲမှာလား"လန်ကျင်းရီက သူ့အကျီစကိုစွဲ၍ , " ခင်များတော်တော်အရှက်မဲ့တာဘဲ... သူက ခင်များချောင်းကြည့်လို့ရတဲ့သူ မဟုတ်ဘူး"
ဝေ့ဝူရှန့်, " သူ့ရဲ့ ဝတ်လစ်စလစ်ပုံစံသေးသေးလေးတောင် မမြင်ခဲ့ရပါဘူး"
လန်ကျင်းရီ, " ဒါဆို ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ.. ဘာလို့ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ။ အရှက်မရှိတဲ့ မျက်နှာ နဲ့.."
ဝေ့ဝူရှန့်, " မအော်နဲ့လေ.. တိမ်လွာနန်းမြိုင်မှာ အသံကျယ်ကျယ်ပြောတာ ကို တားမြစ်ထားတယ် "
