တစ်ဘဝစာနာကျည်းမုန်းတီးမှု ၂
====================
စည်းကမ်းကြိမ်ဒဏ် အမာရွတ်များ
====================ကျင်းလင်က ဝေ့ဝူရှန့်ကိုခိုးကြည့်သည်။ သူ့မှာ ခွေး မရှိတာမြင်မှ ဝေ့ဝူရှန့် ခန္ဓာနှင့်ဝိညာဥ်ပြန်ကပ်၏။ သူသည် ခေါင်းတစ်ခုလုံးကိုက်ခဲသလိုခံစားရ၍
" မင်း.. နောက်နေတာလား.. အရမ်းနောက်ကျနေပြီလေ... မင်းတစ်ယောက်ထဲ ဘာလို့ ဒီနေရာကို ခွေးနဲ့အတူတူလာခဲ့တာလဲ?သူ..လန်ဝမ်ကျီး နှင့် ဝမ်နင်တို့ ကြာပန်းမြိုင်မှ ထွက်လာကြပြီးနောက် ကျင်းလင်ကသူ့ကို တိတ်တဆိတ်လာရှာမှန်း သူမသိခဲ့ပါ။ သူထွက်သွားမှန်းသိသောအခါ အရူးတစ်ယောက်လိုလှည့်ပတ်ပြေးကာ ဓားဟောင်းတစ်လက်ကို ဆွဲထုတ်ခိုင်းနေသည့် သူ့ဦးလေးပေါ် ဒေါသပုံချပေါက်ကွဲခဲ့၏။ သူ့ဦးလေးနှာခေါင်းကို လက်ညိုးဖြင့်ထိုးကာ ဝေ့ဝူရှန့်အဝေးထွက်သွားတာ သူ့ကြောင့်ဟု အပြ.စ်တင်ခဲ့ပြီး ကျန်းချန်က သူ့ကိုမြေပေါ် တွန်းပစ်ခဲ့၏။ ကျင်းလင်က အရာအားလုံးကို သူလုပ်နိုင်မည်ဟု ဆုံးဖြ.တ်ခါ နတ်သမီးလေးကိုခေါ်၍ ဝေ့ဝူရှန့်နောက်ခြေရာခံခဲ့သည်။ နတ်သမီးလေးကအားမလျော့ဘဲ ဝေ့ဝူရှန့်အနံ့ကို ခြေရာခံကာ အမှန်ပင် ကွမ်ရင်ကျောင်းကိုရောက်လာခဲ့၏။ ကျင်းလင်တံခါးခေါက်နေစဥ် တံခါးနောက်ကွယ်မှ မမြင်ရသည့် လူသတ်အရိပ်ငွေ့များကို ခံစားမိကာ သူ့သခင်အဝတ်များကိုကိုက်ဆွဲကာ ပြန်လှည်ရန် လှည့်ပတ်ဟောင်၍သတိပေး၏။ ကံဆိုးချင်တော့ ကွမ်ရင်ကျောင်း၏ထူးခြားမှုကြောင့် ဝေ့ဝူရှန့်အထဲမှာရှိမနေသည့်တိုင် ကျင်းလင်ကစုံစမ်းရန် ဆုံးဖြ.တ်ခဲ့၏။ အဆုံးမတော့ သူ... ရန်သူများလက်တွင်းကျရောက်ခဲ့တော့သည်။
ကျင်းလင်ကအမှန်တိုင်းမပြောဘဲ နှာမှုတ်လိုက်၏။
"ဟွန့်"
ကျင့်ကွမ်းယောင်ကသူ့လူများနှင့်အတူ ဘုံကျောင်းဝင်းထဲ လှမ်းဝင်ပြီး တံခါးများ မပိတ်ခင်
" ဝိညာဥ်ဖမ်းခွေး..ဘယ်မှာလဲ "ဘုန်းကြီး " ခွေးကအရမ်းဆိုးတယ်... လူတွေကိုကိုက်နေတာ ဖမ်းလို့မရဘူး "