Extra 2 - မိသားစုဧည့်ခံပွဲ ၂
=================သို့သော်လဲ...
ဒီညတော့ သူတို့နှစ်ဦး ချက်ချင်းလက်ငင်းအားထုတ်ကြိုးပမ်း ဖို့ အခွင့်ရေးမရနိုင်ရှာ။ အရင်ဆုံး, လန်ဝမ်ကျီးသည် ဂူပိတ်တရားကျင့်ရာမှထွက်လာသည့်လန်ရှီးချန်ကို သွားရောက်တွေ့ဆုံ၍ စကားပြောလေ၏။ဒီရက်ပိုင်းတွေမှာ ဝေ့ဝူရှန့်ထူးဆန်းသည့်အကျင့်တစ်မျိုးရနေသည်။ လန်ဝမ်ကျီးကိုယ်ပေါ်မှာ မျက်နှာချင်းဆိုင်လဲလျောင်းရင်း ရင်ခွင်ချင်းအပ်ကာတွယ်ကပ်လို့အိပ်စက်ရခြင်း ကို အလွန်ပင်သဘောကျနှစ်သက်နေ၏။ ဒီသက်ရှိခေါင်းအုံးကြီးမရှိပါဘဲ ဘယ်နည်းနဲ့မှ သူအိပ်မပျော်နိုင်ပါ။ အရှက်မဲ့စွာ, ကျင်းရှိအဆောင်ကို ပြောင်းပြန်လှန်ကာ တချို့အရာများကိုမွေနှောက်ရှာဖွေခဲ့၏။
လန်ဝမ်ကျီးသည် ဗိုင်းကောင်းကျောက်ဖိစည်းကမ်းသေဝပ်သူဖြ.စ်၍ ငယ်စဥ်ကတည်းကသူလုပ်ခဲ့သည့်အရာတိုင်းကိုကောင်းမွန်စွာသိမ်းဆည်းထား၏။သူ၏လက်ရေးများ ၊ပန်းချီကားများနှင့်စာစီစာကုံးများကို နှစ်အလိုက်အစီစဥ်တကျအားလုံးစုစည်းထား၏။ ဝေ့ဝူရှန့်သည် သူငယ်စဥ်ကလေ့ကျင့်ထားသည့်လက်ရေးလက်သားများမှစတင်၍နှစ်သက်ပျော်ရွင်စွာ လှန်လှောကြည့်ရှုရင်း ရယ်မောနေ၏။ လန်ချီရန်၏ မှတ်ချက်အနီရောင်များကိုမြင်ရတိုင်း သူ့မှာရယ်ရလွန်းလို့ သွားများကိုက်ခဲနာကျင်သလိုပင်ခံစားမိ၏။ စာမျက်နှာပေါင်းထောင်ချီပြီးနောက် စာရွက်ပိုင်းတစ်ခုတွင် အမှားတစ်ခုကိုသာရှာဖွေတွေ့ရှိ၏။ နောက်ပိုင်းတွင် လန်ဝမ်ကျီးကထိုအမှားအားလုံးကို တခြားစာရွက်တွင်အကြိမ်တစ်ရာအထိကူးယူရေးသားထား၏။ ဝေ့ဝူရှန့် လျာကိုအာခေါင်တွင်ထောက်ကာ # သနားစရာကလေးလေး... ဒီလောက်အများကြီးကူးရေးတာတောင် ဒီစာလုံးကိုသူမမှတ်မိချင်ဘူး #
ဝါကျင့်ကျင့်စာမျက်နှာဟောင်းကိုဆက်လှန်လိုက်စဥ် ကျင်းရှိဆောင်အပြင်ဖက်ရှိအမှောင်ထုအလယ်မှ အလင်းမှိန်မှိန်လေးတစ်ခုထွက်ပေါ်လာ၏။
ဝေ့ဝူရှန့်က ခြေ.သံများ ကိုမကြားမိသော်လဲ လန်ဝမ်ကျီး၏ကုတင်ပေါ်ဝယ် ခြေ.မှခေါင်းထိစောင်ခြုံကာ ကျွမ်းကျင်စွာလူးလှိမ့်နေ၏။ လန်ဝမ်ကျီးကတံခါးကိုညင်သာစွာတွန်းဖွင့်၍ အခန်းတွင်းဝင်လာသောအခါမြင်ရသည့်အခြေနေက သူ့အခန်းထဲမှတစ်ယောက်ကတော့ဖြင့် အိပ်ပျော်နေသည်မှာ ဟောက်၍ပင်နေ၏။ ပထမပိုင်းတွင်လန်ဝမ်ကျီး၏ရွေ့လျားမှုများက လုံးဝအသံမထွက်ပါ။ အခန်းတွင်းမှအိပ်မောကျနေသူကိုကြည့်ရင်း အသက်ရှုသံကိုထိန်းပြီး ကျင်းရှိဆောင်အခန်းတံခါးကိုဖြေးဖြေးချင်းပိတ်၏။ ခဏကြာအသံမပြုဘဲနေမှ အိပ်ရာနားသို့ချဥ်းကပ်လာ၏။