အခန်း ၂၅။ အိပ်မပျော်သောည ၆

30 5 3
                                    


ရေချိုးခန်းမှအချစ်
🚨 sexual warning 🚨
======================

လန်ဝန်ကျီး၏ မျက်ခမ်းများတွင်ရေစက်ရေပေါက်လေးများတွဲခိုနေကြပြီး ချောမောခန့်ညားမှုများက အလွန်ပင် အသဲယားစရာကောင်းနေသည်။ သူ့ပုံစံမှာ အေးတိအေးစက်နိုင်သော်လဲ မျက်ဝန်းတွေထဲမှာ လောက်မြိုက်မှုတခုရှိနေ၏။

ယခုညတွင် ဝေ့ဝူရှန့်သည် လက်ညိုးဖြင့်ဖွဖွထိုးခြင်း ၊ စနောက်ကျီစယ်ခြင်းစသော အလားတူနည်းလမ်းများကို မရေတွက်နိုင်အောင် လန်ဝန်ကျီးအပေါ် လုပ်ခဲ့ပေမဲ့ လန်ဝမ်ကျီးက သူ့ကိုခွင့်ပြု.ထားခဲ့သည်။ ယခု ဒီနေရာမှာ သူက ရုတ်တရက် ဟန့်တားနေ၏။ ဝေ့ဝူရှန့် ရဲတင်းစွာမေးလိုက်၏။

"ဘာလို့လဲ..။ တချိန်လုံး မင်း​ဘေးမှာ အရူးထနေတာကိုခွင့်ပြု.ထားပြီး အခုမှဘာလို့တားနေလဲ?... မင်းကိုအရင်ထဲကထိနေတာ ကြာလှပြီ ...ခုမှဘာလို့ထိလို့မရတော့တာလဲ"

လန်ဝန်ကျီးကနုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ဘာမှပြန်မပြောပါ။ လန်ဝန်ကျီးစိတ်ဆိုးသွားလား? ဆိုတာ ဟုတ်..မဟုတ် ပြောရန်ခက်လှသည်။ ဝေ့ဝူရှန့်မှာ အနည်းငယ်စိတ်မလုံမလဲဖြ စ်သွားကာ

"​ကောင်းပြီ...။ ဒါဆိုလဲ မင်းကိုမထိတော့ဘူး။ မင်းဘာသာရေချိုးတော့"

ပြောပြီးနောက် ပုဝါစကိုချကာထွက်သွားရန်ပြင်လိုက်သည်။ သို့သော် လန်ဝန်ကျီးက သူ့လက်ကောက်ဝတ်ကို မြဲမြဲ ဖမ်းကိုင်ရင်း တားဆီးလိုက်သည်။

" မင်း..သွားခွင့်မရှိဘူး "
သူ့လေသံမှာအမိန့်ဆန်လှသည်။

ကြိုးစားခြင်းနှင့်ကျရှုံးခြင်း အကြား သူဘာသာ အကြိမ်အနည်းငယ် လွန်ဆွဲပြီးနောက် ဝေ့ဝူရှန့်မှာ စိတ်ကိုပြန်ထိန်းရင်း ထွက်မသွားဘဲနေလိုက်သည်။ ထို့နောက် သူ့လေသံကိုထိန်းရင်း

"ဟန်ကွမ်းကျွမ်း... မင်းဘဲ ငါ့ကိုမျက်နှာသစ်ပေးခိုင်းပြီး မထိစေချင်ပြန်ဘူး။ ငါသွားမယ်ဆိုတော့လဲ မသွားခိုင်းဘူး... ငါကို ဘာလုပ်စေချင်တာလဲ? "

"--"
လန်ဝန်ကျီး ခဏငြိမ် သွားကာ ရင့်သီးသောလေသံဖြင့်
"ဘာဘဲဖြ စ်ဖြ စ်... မင်းကိုသွားခွင့်မပြုဘူး  "

TU Love❤ ❤Where stories live. Discover now