မူရင်းဝတ္ထု - ညိူ့ငင်ဆွဲဆောင်ခြင်း ၂
"ဟွန်း"
ဝေ့ဝူရှန့်သည် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး မကျေနပ်ချက်ကိုဖော်ပြလိုက်သည်။ လန်ဝမ်ကျီးသည် သူ့ကိုကျောခိုင်းကာ လျာဖြင့်အတို့ခံသောလက်ကို ရင်ဘတ်တွင်အပ်ထား၍ ကုတင်ပေါ်ဝယ်ဒူးတုတ်ထိုင်နေသည်။
ဝေ့ဝူရှန့်, " မင်းဘာလုပ်နေတာလဲ"
လန်ဝမ်ကျီးပုံစံမှာ လူမိုက်တစ်ယောက်ကြောင့် ဘဝညစ်ညမ်းကာ အရှုံးပေးလိုက်သူသဖွယ်။အကြောင်းမသိပါက ဝေ့ဝူရှန့်က သူ့အပေါ် တခုခု ကျူးလွန်လိုက်မိသည့်နှယ်။
" မကြိုက်ဘူးလား။ မကြိုက်လဲ မတပ်နိုင်ဘူး။ ငါ့ကို စကားတောင်ပြော ခွင့်မပေးဘဲ အနိုင်ကျင့်တာကိုး...ဒီနားလာခဲ့လေ ငါပြန် သုတ်ပေးပါ့မယ်"
သူစကားဆုံးသည်နှင့် လန်ဝန်ကျီးပခုံးကိုထိလိုက်ရာ လန်ဝမ်ကျီးကသူ့ကိုရှောင်လိုက်သည်။ လန်ဝမ်ကျီး၏ အိပ်ရာထောင့်တွင် တိတ်တဆိတ်ဒူးကိုလက်ဖြင့်ပိုက်ကာထိုင်နေပုံကိုကြည့်ရင်း ဝေ့ဝူရှန့်သည် မကောင်းသည့်အရာများလုပ်ချင်လာသည်။ သူသည် အိပ်ရာပေါ်တွင် လန်ဝမ်ကျီးထံ ဒူးထောက်သွားလျက် လူယုတ်မာလေသံဖြင့်
"ကြောက်နေပြီလား"
လန်ဝမ်ကျီးသည် အိပ်ရာထက်မှခုန်ထွက်လိုက်ပြီး သူတို့နှစ်ယောက်အကွာဝေးကို ဆက်ထိန်းထားသည်။ ဝေ့ဝူရှန့်သည် စတင်ပျော်ရွင်လာသည်။ သူသည် အိပ်ရာပေါ်မှထကာ
"ဟေ့...မပြေးနဲ့လေ ငါ့လက်တွေက အချည်ခံထားရတာ ငါတောင်မကြောက်ဖူး မင်းကဘာလို့ကြောက်နေတာတုန်း..လာခဲ့"
ဝေ့ဝူရှန့်သည် ပြုံးလျက် မကောင်းသောစိတ်များတဖွားဖွားဖြင့် ရှေ့တိုးသွားလိုက်သည်။ လန်ဝမ်ကျီးသည် သစ်သားကန့်လန်ကာကို ကျော်ပြေးသောအခါ သူကိုယ်တိုင်တံခါးပိတ်ထားသော စားပွဲဖြင့်တိုက်မိသည်။ ဝေ့ဝူရှန့်နောက်မှလိုက်သောအခါ အခြားတဖက်မှ ပတ်ပြေးပြန်သည်။ သူတို့နှစ်ဦးသည် ကန့်လန်ကာကို ခုနှစ်ပတ် ရှစ်ပတ် ပတ်ပြေးပြီးသော် ဝေ့ဝူရှန့် အသိဝင်လာသည်။