TU Extra - နံသာအိုး ၂ - ၁
=================
Incense Burner 2 - 1
=================ဒုတိယနေ့နံနက်ခင်း... ဝေ့ဝူရှန့်မှာ လန်ဝမ်ကျီးထက် အတော်လေးကိုစောစီးစွာ အိပ်ရာမှနိုးထလာ၏။ သူက တနေ့လုံးတောက်လျောက် ခြေထောက်များကိုလှုပ်ရမ်းနေခဲ့၏။
သူတို့နှစ်ဦး *ကြံ့သူတော်နံသာအိုးကို သိမ်းဆည်းယူဆောင်၍ စစ်ဆေးကြည့်ရှုနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ။ ဝေ့ဝူရှန်က ထိုအရာလေးနောက်ကွယ်မှလျိုဝှက်ဆန်းကျယ်မှုကိုသေသေချာချာ မသိနိုင်သေး။
* နံသာအိုးပုံပန်းသဏ္ဍန်ကိုပြုလုပ်ထားသည့် ဒဏ္ဍာရီလာမှော်သားရဲ... ထိုမှော်သားရဲများသည် အိမ်မက်များကိုမကြာခဏ ဆက်နွယ်ပေးကြ သည်။
သူကစားပွဲဘေးတွင်ထိုင်ရဂ်းတစိမ့်စိမ့်တွေးကာ
" မွေးရနံ့တွေကပြဿနာမရှိရင် နံသာအိုးကပြဿမာရှိနေတာပေါ့... ဘယ်လိုအရာတစ်ခုပါလိမ့်... စာကြည့်တိုက်မှာ အဲဒီအကြောင်းမှတ်တမ်းတင်ထားတာမရှိဘူးလား? "လန်ဝမ်ကျီးကခေါင်းကို တွင်တွင်ခါယမ်းနေ၏။
သူခေါင်းခေါင်ယမ်းပြခြင်းမှာ ထိုပစ္စည်းအကြောင်း စာကြည့်ဆောင်တွင် မည်သူမှ မှတ်တမ်းတင်ထားခြင်းမရှိတာ သေချာသည့်သဘောပင်။
ဝေ့ဝူရှန့် " အိုး..ကောင်းပြီ... သူ့ရဲ့တန်ခိုးစွမ်းအားကို ငါတို့အခုသိသွားပြီ... ဒါကြောင့် တခြားသူတွေ မတော်တဆ မဖြ.စ်ရလေအောင် ငါတို့ ဒီနံ့သာအိုးကို ကောင်းကောင်းသိမ်းဆည်းထားသင့်တယ်... မှော်ပစ္စည်းကျွမ်းကျင်တဲ့ ဆရာသခင်တချို့ ငါတို့ဆီကို လာရောက်လည်ပတ်တဲ့ချိန်ကျမှ ဒါကိုထုတ်ယူပြီး မေးမြန်းကြ.မယ် "
နံ့သာအိုးရဲ့ တန်ခိုးစွမ်းအားက သူတို့မျော်လင့်ထားတာထက် ပိုပြီးဖြ.စ်လာ နိုင်သေးတယ်လို့ သူတို့နှစ်ဦးစလုံး သိရှိထားပြီးဖြ.စ်၏။
ညအချိန်.. အိပ်ရာခင်းများကြားဝယ် တစ်ကြိမ်မျ လှည်ပတ်ရစ်ထွေးယှက်နွယ်ကြပြီးနောက် ဝေ့ဝူရှန့်နှင့်လန်ဝန်ကျီးတို့ ကျင်းရှိဆောင်အတွင်း ဘေးချင်းယှဥ်လျက်လဲလျောင်းကာ အိပ်မောကျနေ၏။