မူရင်းဝတ္ထု ရေချိုးခန်း ၂
တချို့ engဘာသာပြ န်တွေမှာ အိပ်မပျော်သောညလို့လဲတွေ့ရလို့ပါ
=====================ဝေ့ဝူရှန့်သည် ကြာ ခွက်များကို ခူးနိုင်သလောက် လောဘတကြီးဖြင့် အများကြီးခူးတော့သည်။ လှေပေါ်မှာ ခြေချစရာမရှိလောက်အောင်ပင်...သူတို့သုံးယောက်စလုံးသည် အစိမ်းရောင်ကြာ ခွက်တောင်တန်းများအလယ် ထိုင်နေသလိုလို...။ အညိုရာင်ခွက်အိမ်များကို စုတ်ဖြဲ လိုက်လျင် အတွင်း၌ပုန်းအောင်းနေသည့် အစိမ်းရောင်အခွံဖောင်းဖောင်းလေးများအုပ်ထားသည့် ကြာစေ့လေးများ ထွက်ပေါ်လာ၏။ ခွက်အိမ်များထဲမှ ကလော်ထုတ်ကာ အစိမ်းရောင်အခွံကိုနွာလိုက်လျင် နုညံ့ပြီး နှင်းဖြူရောင်ရှိသည့် ကြာစေ့ များကိုရရှိမည်။ လတ်ဆတ်ချိုမွေးသောအရသာရှိ၏။
ဝမ်နင်သည် လှေရှေ့ပိုင်းတွင်ထိုင်ကာ ဆက်လက် ကြာစေ့များ ကိုခွာနေဆဲဖြ.စ်၏။ လန်ဝမ်ကျီးက နှစ်ခုလောက်သာခွာပြီသည့်အခါ ရပ်လိုက်၏။ သူသည် ဝမ်နင် ကြာစေ့များနွာပြီးသည်ထိ ကြည့်နေခဲ့ပြီး ခေါင်းယမ်းလျက် သူအခွံနွာထားသည့်နှစ်ခုကို ဝေ့ဝူရှန့်အားပေးလိုက်သည်။ ဝေ့ဝူရှန့်တစ်ယောက်ထဲ လှေတစီးလုံးကို အပြီးသတ် လိုက်သည်။
နောက်ထပ် သုံး..လေးနာရီခန့်ရေထဲမျောနေပြီးနောက် သူတို့ ယွင်ပိုင်မြို့ဆိပ်ကမ်းသို့ရောက်ခဲ့ပြီ။
ဆိပ်ကမ်းဧရိယာအတွင်းဝယ် ငါးဖမ်းလှေများ ခြေချ စရာမရှိအောင် ဆိုက်ကပ်ထား၏။ အမျိုးသမီးကြီးတချို့သည် အုပ်စုလိုက် ရေစပ်ထက်မှ ကျောက်လှေကားထစ်များဝယ် အဝတ်လျော်နေကြ.ကာ အသာညိုညို အကျီဗလာနှင့်လူငယ်များသည် မြ.စ်ကမ်းစပ်ပတ်လည် ဒိုင်ဗင်ထိုးကာ ရေကူးနေကြ၏။
ကူတို့လှေငယ်သည် ဆိပ်ကမ်းသို့ ဖြေးညှင်းစွာ မျောဝင်လာ၏။ လှေပဲ့ပိုင်းတွင်ထိုင်နေသည့် လူတစ်ယောက်က ခေါင်းငိုက်စိုက်ချထားသော်လဲ လှေတွင်းမှ လူငယ်နှစ်ဦးမှာမူ သိသာထင်ရှားစွာ ဝိုင်းဝန်းကြည့်ရှု ခံနေရ၏။ လှေဦးပိုင်းတွင်ထိုင်နေသည့် ဝတ်စုံဖြူနှင့် အမျိုးသားမှာ ရှင်းသန့်ခန့်ညားပြီး လွန်စွာသိမ်မွေ့နုညံ့သလို .... သူ့ညာဘက်နံဘေးဝယ် ပြုံးပျော်နေသည့် လူငယ်လေးမှာလဲ အတော်လေးချောမောလှပသည်။ လူအများက သူတို့တနေ့တာဝယ်ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ တွေ့မြင်ရ သလို မျက်လုံးများပြူးကာ အပြင်းထန် စူးစိုက်ကြည့်နေကြ၏။ မြ.စ်ထဲ တွင် ရေကူးနေသည့်လူငယ်အချို့က သူတို့ဆီကို ငါးများသဖွယ် စုရုံးလာကြ.သည်။ ဦးခေါင်း ခုနှစ်လုံး ရှစ်လုံးလောက်မှာ လှေဘေးနားဝယ် မြု.တ်ချည်ပေါ်ချည်ဖြင့် ပလုံစီနေ၏။
