Extra-မနက်ဖြန် တိုင်းပြန်ဆုံကြ မယ်

129 9 10
                                    


ည ၉ နာရီကျော်လေပြီ။ ဝေ့ဝူရှန့်မှာပြန်ရောက်မလာသေး။ အခန်းတွင်းဝယ် စားပွဲပေါ်ရှိ စက္ကူမီးအိမ်လေးမှ အလင်းရောင် ဖြာကျနေသည်။ လန်ဝမ်ကျီးသည် မီးအိမ်လေးကို ငူငူငိုင်ငိုင် စိုက်ကြည့်နေသည်။ သူ့မျက်ဝန်းများမှာ မှေးမှိန်နေသည်။ ခနကြာသော် လန်ဝမ်ကျီးသည် အပေါက်ဝသို့သွားကာ သစ်သားတံခါးကိုဖွင့်လိုက်သည်။ ဝေ့ရင်းမရှိဘဲ သူမအိပ်ပျော်ပါ။ လန်ဝမ်ကျီးသည် ချစ်ရသူကိုမျော်နေမိသည်။

အပြင်ဖက် လရောက်အောက်ဝယ် တိမ်လွာနန်းမြိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာအိပ်မောကျနေပြီ။ လရောင်ဆမ်းထားသော သစ်ခက်သစ်ရွက်တို့ လေအသင့်ဝယ် တရှဲရှဲမြည်ကာ အလံများတဖြတ်ဖြတ်လွင့်နေသည်။
ခနနေသောအခါ သူနောက်မှလေတိုးသံလိုလို ကြားလိုက်ရ၍ အဆောင်အပြင်ဖက်သို့ထွက်ကြည့်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အလံများကိုလေတိုး၍ မြည်သံဖြ စ်ပြီး အဆောင် ပြ တင်းပေါက် ဖွင့်ထားမိ ကြောင်း တွေ့ရသည်။ထိုစဥ် အခန်းထဲရှိ ခုတင်ပေါ်မှ စောင်သည် တခုခုကိုရစ်ပတ်ထုတ်ပိုးထားသလို ဖောင်းပွနေသည်။

ခနကြာသော်...
လန်ဝမ်ကျီးသည် ကျင်းရှီဆောင်ထဲသို့ ပြန်ဝင်လာ၍ တံခါးမနှင့်ပြတင်းတခါး ကိုညင်သာစွာပိတ်သည်။ မီးအိမ်ကိုငြိမ်းကာ အိပ်ရာပေါ်လှဲချသည်။ သူသည် အစောကစောင်ထုတ်ကြီးဘေးတွင်လဲလေ​ျာင်းနေသည်။ မျက်လုံးများကိုပိတ်ရင်း တခြားစောင်တစ်ထည် ကို ဆွဲခြုံလိုက်သည်။ သူ့စောင်ထဲသို့ အေးစက်သောအရာကြီးက ရုတ်တရက်ဝင်ရောက်လာသည်။ ထိုအရာသည် ရင်ဘတ်ချင်းအပ်လျက် သူ့ကိုယ်ပေါ်တွင် ဇိမ်ယူနေရင်း

"လန်ကျန့်...ငါ ပြန်လာပြီလေ.. ငါကိုကြိုနေသင့်တယ်မလား "

လန်ဝမ်ကျီးသည် နွေးထွေးကြင်နာစွာ ပြန်ဖက်ထားရင်း..
"ဘာလို့ မင်း တစ်ကိုယ်လုံး အရမ်းအေးစက်နေတာလဲ"
"အပြင်မှာ အရမ်းအေးတယ်လေ ငါနေ့ဝက်လောက် အပြင်မှာနေခဲ့ရတာ..ငါ့ကို မင်းရဲ့ ကိုယ်ငွေ့လေး ငှားပါနော်"

ဝေ့ဝူရှန့်သည် တိမ်လွာနန်းမြိုင်မှ ကျောင်းသားငယ်များနှင့်အတူ မိစ္ဆာများကိုနှိမ်နင်းရန်သွားရောက်ခဲ့သည်။ ဝေ့ဝူရှန့်တစ်ကိုယ်လုံး ဖုန်မှုန့်များ မြ က်များဖြင့် ညစ်ပတ်နေသည်။ လန်ဝမ်ကျီးသည် အသန့်ပြန်ကြိုက်သူဖြ စ်လင့်ကစား ဝေ့ဝူရှန့်သည် ညစ်ပတ်သောအဝတ်များဖြင့် သူ့အိပ်ရာပေါ်တွင်လူးလိမ့်နေသည်ကို နဲနဲမှ စိတ်အနှောက်ယှက်ဖြစ်ပုံမရ။ သူသည် ခတ်ချွဲချွဲလေးပြောနေသော ဝေ့ဝူရှန့်ကို ခတ်တင်းတင်းဖက်ထားလေသည်။
ခန္ဒာကိုယ် နွေးလာသည်အထိ တယုတယဖက်ထားပေးရင်း,
"မင်းဖိနပ်တွေချွတ်ထားအုံး"

TU Love❤ ❤Where stories live. Discover now