အခန်း ၂၀။ အိပ်မပျော်သောည ၁

28 5 0
                                    

မူရင်းဝတ္ထု - အိပ်မပျော်သောည ၁
တချို့ဝတ္ထုတွေမှာ... ရေချိုးခန်း လို့လဲတွေ့ရပါတယ်...
------------- >< -------------

ဝမ်နင်မှာ သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်၏။ လှေကိုရှေ့သို့လှော်ခတ်လိုက်သော ရေပွက်သံများကြားဝယ် ၊ ဝေ့ဝူရှန့်မှာ မျက်လုံးများဖွင့်လိုက်ရာ ဆိုးဆိုးရွားရွားခေါင်းထိုးကိုက်လျက်ရှိ၏။

လန်ဝမ်ကျီးကိုယ်ပေါ်မှာ အပြည့်ဝ စောင်းမှီထားသည့် ဝေ့ဝူရှန့်သည် သူတို့ကြာပန်းမြိုင်မှာ မဟုတ်တော့မှန်း သဘောပေါက်သွား၏။ ဘာတွေဖြ.စ်ခဲ့မှန်းတော့ သူပြန် မတွေးနိုင်သေး..။ နှင်းခဲဖြူပေါ် ဇီးသီးပန်းများကြိုးတစ်ချောင်းဖြင့်သီထားသလို လန်ဝမ်ကျီး၏အကျီလက်များပေါ်ဝယ် စွန်းထင်းနေသည့်သွေးစက်များကိုမြင်မိရာ သူနောက်ဆုံး သတိမလစ်ခင် အဖြ.စ်ပျက်များ ကို မှတ်မိသွား၏။ သူမျက်နှာအမူရာပြောင်းကာ ချက်ချင်းပင် ထိုင်လိုက်၏။ လန်ဝမ်ကျီးက သူ့ကို ထူမ,ပေးလိုက်သော်လဲ ဝေ့ဝူရှန့်နားတွေအူနေတုန်းပင်...။ သူ့ရင်ခေါင်းထဲမှ ထူထဲသောသွေးညှီနံ့များ ပျို့တက်လာသလို ခံစားမိ၏။ ပို၍... ပို၍ မသက်မသာရှိလှ၏။

အသန့်ကြိုက်သောလန်ဝမ်ကျီးပေါ်သို့ နောက်ထပ် သွေးအန်ချမိမှာ သူစိုးရိမ်မိသည်။ သူ့လက်များကိုဝှေ့ရမ်းလိုက်ခါ လှေနံရံကိုအားပြုလျက် တဖက်သို့စောင်းလိုက်၏။ သူနေလို့မကောင်းမှန်း လန်ဝမ်ကျီးသိပါသည်။ သူ ဘာမှမမေးဘဲ တိတ်ဆိတ်နေ၏။ ဝေ့ဝူရှန့်ကျောပေါ်သို့ လက်ဝါးတဖက်တင်လိုက်ကာ သိဒ္ဓိစွမ်းအင်၏ နွေထွေးမှုများပို့လွပ်ပေးလိုက်၏။

ဝေ့ဝူရှန့်မျက်နှာသွေးရောင်လွမ်းလာမှ လန်ဝမ်ကျီးက သူ့လက်များကို ဖယ်လိုက်၏။ ခဏမျငြိမ်သက်နေပြီနောက် သူမေးလိုက်၏။
" ဟန်ကွမ်းကျွမ်း... ငါတို့ဘယ်လိုထွက်လာတာလဲ "

ဝမ်နင့်ပုံစံမှာ ချက်ချင်းပင် ဆောက်တည်ရာမဲ့ကာ လှေလှော်နေရာမှရပ်လိုက်၏။ လန်ဝမ်ကျီး ဂတိတည်ပြီး လျို့ဝှက်ချက်ကို မပြောရန်သူမျော်လင့်လျက်..။ လန်ဝမ်ကျီးသည် မလိမ်ညာဘဲ ရှင်းပြခဲ့၏။ ရိုးရှင်းလှသောစကားဖြင့်

TU Love❤ ❤Where stories live. Discover now