အပိုင်း ၃။ ကျေနပ်ဝမ်းမြောက်ခြင်း

39 5 0
                                    

💕🚨ဒါက ဇာတ်လမ်းကိုချုံ့ပြီး ဝေ့ရင်းနဲ့လန်ကျန့်တို့ရဲ့ movieထဲမှာ မပါလိုက်တာလေး...Roတဲ့အခန်းလေးတွေကိုရေးပေးထားတာပါ။🚨💕

နောက်တနေ့မနက်တွင် တိမ်လွာနန်းမြိုင်၏ အလင်းမဲ့မျော်စင်၌ မော့ရွာမှယူလာသော လက်ပြ တ်ကြီး ကို ရိုးရာဝိညာဥ်ဆင့်ခေါ်ပွဲဖြင့် စစ်ဆေးကြ သည်။ မှော်နက်စွမ်းအင်၏ အညိုးတေးနှင့်အမုန်းတရားများ အလွန်တရာပြင်းထန်နေသော လက်မောင်းပြ တ်မှ ဝိညာဥ်ဆင့်ခေါ်နိုင်ခြင်းမရှိခဲ့ပါ။ ဆင့်ခေါ်သူအချို့သည် ဒွာရခုနှစ်ပေါက်မှ သွေးများကျဆင်းပြီး အသက်အန္တရယ်ရင်ဆိုင်ကြရသည်။ လန်ဝမ်ကျီး၏ ဦးလေးဖြစ်သူ လန်ချီရန်ပင် သွေးအန်ကာသတိလစ်
မေ့မျောသွားသည်။
ဝေ့ဝူရှန့်သည် လမ်ဝမ်ကျီးနှင့် ပူးပေါင်းကာ ဆင့်ခေါ်ခြင်းတေးသွာကို တီးမှုတ်ပါသော်လည်း မည်သည့်ဝိညာဥ်မှမလာခဲ့။ သေဆုံးသူ၏ဝိညာဥ်သည် အပိုင်းပိုင်းဖြတ်ခံလိုက်ရပုံပေါ်လေသည်။

သူတို့နှစ်ဦးသည် စိတ်ငြိမ်သက်ပြေလျော့ခြင်း တေးသွားကို တီးမှုတ်၍ လက်မောင်းပြ တ်ကို ထိန်းသိမ်းလိုက်သည်။
လက်ပြ တ်ကြီး ညွန်ပြနေသော အရပ်သို့ခရီးးထွက်ရန် လန်ဝမ်ကျီးစီစဥ်ရသည်။
ကျင့်ကြံသူအများစုသည် အမဲလိုက်ထွက်သည့်အခါ အုပ်စုလိုက်ခရီးထွက်သော်လည်း လန်ဝမ်ကျီးမှာ တစ်ဦးတည်းသွားရသည်ကို အမြဲ ပို၍နှစ်သက်သည်။ လက်ပြ တ်မှာအညိုးတေးကြီး၍အန္တရယ်များသောကြောင့် တခြားဂိုဏ်သားများကိုမခေါ်ဘဲ ဝေ့ဝူရှန့်တစ်ယောက်ထဲကိုသာ ခေါ်လာပြီး အနီးကပ်စောင့်ကြည့်နေသည်။
ဝေ့ဝူရှန့်၏အကြံစည်မှာ လန်ဝမ်ကျီးနှင့် တောင်အောက်ဆင်းခဲ့ရလျင် အခွင့်သာသည်နှင့် ထွက်ပြေးရန်ဖြစ်သည်။ သို့သော် သူအကြိမ်ပေါင်းများ စွာကြိုးစားလဲ လန်ဝမ်ကျီးက သူ့ကိုပြန် ဆွဲခေါ်လာနိုင်ခဲ့သည်။ ထို့ကြောင့် ဗျူဟာပြောင်းကာ လန်ဝမ်ကျီးကို ကြိုးစားတွယ်ကပ်၍ ပွတ်သီးပွတ်သတ်လုပ်လေသည်။ အထူးသဖြင့် ညရောက်လျင် သူ့အသံတစာစာဖြင့် လန်ဝမ်ကျီး၏အိပ်ရာပေါ်သို့အတင်းတက်လေသည်။ သူ့အားစက်ဆုတ်ရွံရှာပြီး ဓားကိုသုံးကာ အဝေးသို့မောင်းထုတ်စေရန်ဖြစ်သည်။ သို့သော် သူဘယ်လောက် ပြဿနာရှာရှာ လန်ဝမ်ကျီးက မောင်းမထုတ်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပုံမှန်အတိုင်းပင်။ သူလုပ်သမျအားလုံး လျစ်လျူရှု၍ အပြစ်မယူဘဲ ထွက်သွားခွင့်မပြု အနားသို့ပြန်ခေါ်ထားသည်။
ဝေ့ဝူရှန့်သည် လန်ဝမ်ကျီး၏စောင်ထဲသို့ ဝင်လိုက်တိုင်း ငြိမ်ငြိမ်နေစေရန် အကြောပိတ်ခံလိုက်ရပြီး အခြားစောင်ထဲ သို့ပို့ကာ မနက်မိုးလင်းသည်အထိ ထိုအတိုင်းနေစေသည်။ ဝေ့ဝူရှန့်မှ သတိလစ်သွားသဖြင့် နိုးလာသောအခါ ခန္ဒာကိုယ်တစ်ခုလုံးနာကျင်ကြောင်း စွတ်စွဲပြောဆိုတော့သည်။ သူတွေးမိသည်။

TU Love❤ ❤Where stories live. Discover now