အပိုင်း ၉။ ကြင် နာ ယု ယ ခြင်း

36 5 0
                                    

မူရင်းဝတ္ထု - ကြင်နာ ယုယခြင်း

အဲ့ဒီနောက်ပိုင်းက လန်ဝမ်ကျီးနှင့်ဝေ့ဝူရှန့်တို့က လန်ရှီးချန်နဲ့အတူတူ လန်လင်ကျင်းဂိုဏ်းရဲ့ကျင်းလင်မျော်စင်ဧည့်ခံပွဲကို သွားရောက်စုံစမ်းကြ တယ်။
လန်ရှီးချန်၊လန်ဝမ်ကျီးတို့ညီအစ်ကိုနဲ့အတူ ဧည့်ခံပွဲတက်ရောက်လာတဲ့ မော့ရွမ်းရီ တဖြ စ်လဲဝေ့ဝူရှန့်ကို လန်လင်ကျင်းဂိုဏ်းသားများက မနှစ်မြို့ဖွယ်ရာအကြည့်တွေနဲ့ကြည့်ကြ တယ်။ဒီအကြောင်းကိုစုံစမ်းဖို့ ဝေ့ဝူရှန့်ဟာ ဧည့်ခံပွဲအပြင်ကိုထွက်လာခဲ့တယ်။

လန်လင်းကျင်းဂိုဏ်းရဲ့ပန်းခြံထဲမှာ ကျင်းလင်နဲ့တွေ့ပြီး သူသိခဲ့ရတာကတော့...မော့ရွမ်းရီက ယောကျာ်းချင်းသဘောကျတတ်သူဖြ စ်ပြီး သူ့အကို ကျင်းကွမ်းယောင်ကိုသဘောကျခဲ့တာကြောင့် ဂိုဏ်းမှနှင်ထုတ်ခံခဲ့ရတာဖြစ်တယ်။

ဝေ့ဝူရှန့်လဲ ကျင်းလင်အမြင်ရှင်းအောင် ဟန်ကွမ်းကျွမ်းကိုဘဲ ကြိုက်တာလို့ပြောပြီးနောက်အလှည့် လန်ဝမ်ကျီးက သူ့နောက်မှာရောက်နေပြီး သူ့စကားတွေအကုန်ကြားသွားခဲ့တယ်။
သူတို့နှစ်ဦးဘာမှမဖြ စ်သလို တခြားကိစ္စတွေပြောဆို တိုင်ပင်ရင်း အိပ်ခန်းဆောင်ကိုပြန်လာပြီးနောက်
ဝေ့ဝူရှန့်က မှော်ပညာနဲ့ စက္ကူလူရုပ်ကိုသုံးပြီး လျို့ဝှက်ခန်းထဲက နျဲ့မင်ကြွယ်ရဲ့ခေါင်းကိုရှာတွေခဲ့တယ်။ ဒါပေမဲ့ စက္ကူလူရုပ်လေးက ဝေ့ဝူရှန့်ရဲ့​ဆောင်ဓါး ဆွေပြ န့်ကိုအမှတ်မဲ့ဆွဲထုတ်မိသွားတယ်။ ၁၃နှစ်ကျော် ချိတ်ပိတ်နေတဲ့ဆွေပြ န့်ကို အသက်ဝင်စေသူဟာ ဝေ့ဝူရှန့်ကလွဲလို့မရှိပါဘူး ။ ဝေ့ဝူရှန့်လူ့လောကကို ပြန်ရောက်လာပြီဆိုတာ ကျင်းကွမ်းယောင်ကရိပ်မိသွားပါတယ်။ ကျင်းကွမ်းယောင်က ဝေ့ဝူရှန့်တို့ထက်အကြံဦးသွားပြီး ခေါင်းပြ တ်ကိုနေရာရွေ့ထားခဲ့တယ်။

ဝေ့ဝူရှန့်နဲ့လန်ဝမ်ကျီးတို့ သင်းရနံ့ဆောင်ကို လက်တွေ့ဝင်ရောက်ရှာဖွေတဲ့အချိန် ကျင်းကွမ်းယောင်က ဝေ့ဝူရှန့်ကို ဆွေပြ န့်နားမရောက်ရောက်အောင်ဖန်တီးပြီး အများရှေ့မှာ ဝေ့ဝူရှန့်အဖြစ် သက်သေပြခဲ့တယ်။
မော့ရွမ်းရီက ဝေ့ဝူရှန့်ဆိုတာအားလုံးသိသွားကြပြီး ကျင့်ကြံသူတွေကလိုက်သတ်ပြန်တယ်။

TU Love❤ ❤Where stories live. Discover now