မူရင်းဝတ္ထု -- သစ္စာစောင့်သိခြင်း ၁၁
======================အချိန်အတန်ကြာ စိတ်ဝယ် ဗလာကျင်းကာ တုန့်ဆိုင်းနေပြီးနောက် ကျန်းချန်အော်ဟစ်လိုက်၏။
" ဘာပေါက်ကရတွေပြောနေတာလဲ "ဝမ်နင်" ဒါ...ပေါက်ကရမဟုတ်ဘူး "
ကျန်းချန် " ပါးစပ်ပိတ်စမ်း...ငါ့အမြူတေ...ငါ့အမြူတေက... "
ဝမ်နင် " ပေါင့်ရှန်းစန့်ရန်... ပြန် ကုသပေးခဲ့တာလား "
ကျန်းချန် " မင်းကဘယ်လိုသိတာလဲ...သူပြောပြ.တာလား "
ဝမ်နင် " သူမပြောခဲ့ပါဘူး.... ဝေ့သခင်လေးက ဒီအကြောင်း ကို ဘယ်သူကိုမှ မဖွင့်ဟခဲ့ဘူး.... ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ "
ကျန်းချန်၏ သွေးရောင်လွမ်းသော မျက်ဝန်းတွေက ရယ်မောနေခဲ့၏။
" လူလိမ်! မင်းအဲဒီမှာရှိနေခဲ့တယ်?...ဘယ်လိုလုပ် မင်း အဲဒီမှာ ရှိနေမှာလဲ? ...ငါတစ်ယောက်ထဲ တောင်ပေါ်ကို တက်သွားတာ...ဘယ်သူမှ ငါ့နောက်မလိုက်လာကြဘူး "ဝမ်နင် " မင်းနောက်ကို ငါမလိုက်ခဲ့ပါဘူး...
ငါ အစကတည်းက တောင်ပေါ်မှာ ရှိနေတာ "ကျန်းချန်မှာ နဖူးကျောများထောင်ထလာပြီး
" ....လူလိမ် "ဝမ်နင် " ငါလိမ်နေတာလားဆိုတာ သိချင်ရင် နားထောင်ကြည့်! ... မင်းတောင်ပေါ်ကိုတက်လာတုန်းက မျက်လုံးတွေကို အဝတ်နက်နဲ့ ပိတ်စည်းထားတယ်... မင်းလက်ထဲမှာ တောင်ဝှေးရှည်တစ်ခုကိုင်ထားတယ်... မင်း ကျောက်တုံးတောအုပ်တစ်ခုကို ဖြ.တ်လာခဲ့ရတယ်...တောင်ထိပ်ကိုရောက်ဖို့ တစ်နာရီလုံးလုံး လမ်းလျောက်ခဲ့ရတယ် "
ကျန်းချန်မျက်နှာကြွက်သားများ အနည်းငယ်တင်းသွား၏။ ဝမ်နင်ဆက်လက်၍
" မင်းခေါင်းလောင်းသံတွေ ကြားလိုက်ရတယ်... ခေါင်းလောင်းသံကြောင့် ငှက်တစ်အုပ် အဝေးကိုပျံသွားတယ်... မင်းက သစ်ကိုင်းကို ဓားလိုကိုင်ထားတယ်လေ... ခေါင်းလောင်းသံရပ်သွားတော့ ဓားတစ်ချောင်းက မင်းရင်ဝကိုလာထောက်ထားတယ်... ရှေ့မတိုးဖို့ မိန်းမတစ်ယောက်ရဲ့ အမိန့်သံကို ကြားရတယ်မလား "ကျန်းချန်မှာ တစ်ကိုယ်လုံး စတင် တုန်ရီလျက်...။
ဝမ်နင်က လေသံကို ပိုမြှင့်လိုက်၏။
" မင်းက ချက်ချင်းရပ်လိုက်ပြီး အာရုံစိုက်ကြည့်နေတယ်... အတော်ကိုစိတ်လှုပ်ရှားနေပုံနဲ့... အမျိုးသမီးရဲ့အသံက တိုးညှင်းလွန်းတယ်...မင်းကို ဘယ်သူလဲ.. ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ မေးတယ်... မင်းကပြန်ဖြေ..."
