ရှေ့ပိုင်းက မတူတဲ့အခန်းလေးတွေက အရမ်းပျော်ဖို့ကောင်းတာနော်။ မတူတဲ့နေရာဘဲ အကျယ်ရေးပြီး ကျန်တာချုံ့လိုက်မယ်နော်။ ခေါင်းစဥ်က ကိုယ့်စိတ်ထဲရှိတာပေးလိုက်တာပါ။ movieမှာ ပြန်ရှင်လာတဲ့ချိန် အလွမ်းသယ်ပေမဲ့... novelမှာ ကူးစူးတစ်ခွင် သောင်းကျန်းနေတာပါ။
========================
ပြန်လည် ဆုံတွေ့ခြင်း
========================"ဘာ..ဘယ်သူ့ကိုတွေ့လိုက်တယ်"
"တစ္ဆေစစ်သူကြီး ဝမ်နင်.. ဝမ်နင်ကိုတွေ့လိုက်တယ်"
ဝေ့ဝူရှန့်အားလက်ညှိုးညွန်လျက်
"သူ..သူဆင့်ခေါ်လိုက်တာ"ကျန်းချန်, " မင်းဘယ်သူလဲ"
မေးရင်း လက်မှဇိထျန်ကလူးလွန့်ထွက်ပေါ်လာသည်။ လန်ဝမ်ကျီးက ဗျတ်စောင်းဖြင့် ရင်ဆိုင်ရန်အသင့်..ကျန်းချန်နှင့်လန်ဝမ်ကျီး ရင်ဆိုင်နေစဥ် ဝေ့ဝူရှန့်က အလစ်ထွက်ပြေးရာ အကာကွယ်မဲ့သွားလေသည်။
" ဖြောင်း"
" အား "
ဝေ့ဝူရှန့် လွင့်ထွက်သွားသည်မှာ မြည်းကလေးသာမရှိလျင် သစ်ပင်နှင့်ပြေးဆောင့်ပြီး ကျိုးပဲ့သွားလောက်သည်။
ကျန်းချန်နှင့်လန်ဝမ်ကျီးတို့နှစ်ဦးစလုံးပင် တိုက်ခိုက်နေရာမှ ရပ်သွားပြီး သူ့ကိုသေချာကြည့်နေကြ သည်။ ဝေ့ဝူရှန့်မှာသူ့ခါးကို နှိပ်ရင်း
" ဘယ်လောက်အံသြ ဖို့ကောင်းလဲ.. မင်းကအင်အားကြီးတယ်ဆိုပြီး ဘယ်သူကိုမဆို ရိုက်တယ်ပေါ့... ကျွတ်...ကွျတ်...ကျွတ်"ကျန်းချန်သည် ရိုက်နှက်ရန် လက်ကိုထပ်မြောက်လိုက်ရာ စစ်ကျွေးမှ
"ကျန်းဂိုဏ်ချုပ်.. ဒါ ဇိထျန်မလား"❓❓❓❓❓
ဝေ့ဝူရှန့်သည် လန်ဝမ်ကျီးနောက်သို့ အမြန် ခုန်ဝင်လိုက်ပြီးနောက် သူ့ရင်ဘတ်ကိုလက်ဖြင့်ကာထားရင်း
" အာ..ငါ့ကို မင်းဘာလုပ်မလို့လဲ "
ကျန်းချန်," ဒုတိယလန်သခင်လေး.. ငါ့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့ "
လန်စစ်ကျွေး ," ကျန်းဂိုဏ်ချုပ်... သက်သေကရှင်းလင်းနေဘဲ ။ မော့ရွမ်းရီရဲ့ ကိုယ်ခန္ဒာက လုယူခံထားရတာမဟုတ်ဖူးလေ။ ဘာလို့ အရေးမပါတဲ့လူတစ်ယောက်ကို လိုချင်နေတာလဲ "