မူရင်းဝတ္ထု ။ သစ္စာစောင့်သိခြင်း ၁၀
====================ကျန်းချန် သူ့အပေါ်စွပ်စွဲသမျကို ဝေ့ဝူရှန့် ဘာတစ်ခုမှ ပြန်လည်မချေပသော်လဲ လန်ဝန်ကျီးကို တိုက်ရိုက်ပြောလာသောအခါ သည်းမခံနိုင်တော့။
ဝေ့ဝူရှန့် " ကျန်းချန်...မင်းစကား မင်းဘာသာ ပြန်နားထောင်ကြည့်စမ်း... ဘာတွေပြောနေတာလဲ... မင်းဘယ်သူလဲ ဆိုတာမမေ့နဲ့... နောက်ပြီး မင်းကဂိုဏ်းချုပ်တစ်ယောက်... ဦးလေးကျန်းနဲ့ယွီသခင်မတို့ ဝိညာဥ်တွေရှေ့မှာ ကျော်ကြားတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ မရိုင်းစိုင်းသင့်ဘူး... ကျင့်ဝတ်သိက္ခာတွေကိုမေ့သွားပြီလား "
သူက လန်ဝမ်ကျီးကို လေးစားစေလိုသော အရိုးခံ ရည်ရွယ်ချက်ဖြင့် သတိပေးလိုက်ခြင်းသာ။ သို့သော် ကျန်းချန်သည် ဆတ်ဆတ်ထိမခံဖြ.စ်နေ၏။ ထိုစကားများသည် သူ့ကို ဂိုဏ်းချုပ်တစ်ယောက်ဖြ.စ်ရန် မသင့်လျော်ဟု တလွဲ ယူဆလိုက်၏။ ကျန်းချန်မျက်နှာ ဒေါသကြောင့် မှောင်လွန်းမကမှောင်သွားသည်မှာ ယွီသခင်မ စိတ်ဆိုးသောအခါ ခြောက်ချားဖွယ်အမူရာအတိုင်းပင်။ သူသည် ကြ.မ်းတမ်း စွာဖြင့်
" ဘယ်သူက ငါ့မိဘတွေရဲ့ ဝိညာဥ်ရှေ့မှာ မထိမဲ့မြင်လုပ်နေတာလဲ?!. .. ရိုင်းစိုင်းနေတာလဲ? ဟမ်!... မင်းတို့ဘယ်ဂိုဏ်းထဲမှာ ရောက်နေလဲ ကျေးဇူးပြုပြီး နားလည်နိုင်သေးရဲ့လား? ! ... မင်းတို့ အပြင်မှာ အရှက်မရှိ လုပ်ချင်တာလုပ် ငါဂရုမစိုက်ဘူး... ငါ့မိဘတွေဝိညာဥ်ရှေ့မှာ... ငါတို့ရဲ့ ဘိုးဘွားကန်တော့ဆောင်မှာ အရူးမထနဲ့! ... ငါ့မိဘတွေရှေ့ကို လူတစ်ယောက်ခေါ်လာသေးတယ်... မင်းအစားငါရှက်တယ် "
ဝေ့ဝူရှန့်သည် ကြီးမားလှသော ထိုးနှက်မှုများ ပြိုဆင်းလာမည်ဟု ဘယ်တုန်းကမှ မမျော်လင့်ခဲ့..။ အံ့သြ.ထိတ်လန့်မှုများနှင့်ဒေါသများကြောင့် သူ့နှုတ်မှလွပ်ခနဲ့ထွက်သွား၏။
" ပါးစပ်ပိတ်စမ်း "
ကျန်းချန်သည် အပြင် သို့လက်ညှိုးထိုးလျက်
" အပြင်မှာ မင်းကြိုက်တဲ့ဘယ်လိုနေရာဖြ.စ်ဖြ.စ် သွားလုပ် ... လှေပေါ်မှာ...သစ်ပင်အောက်မှာ... ဖက်ပြီးတော့...ဒါမှမဟုတ် တခြားနည်းနဲ့ရော! ... ငါ့ဂိုဏ်းထဲက ထွက်သွားစမ်း! ...ငါ့မျက်စိရှေ့က ထွက်သွားစမ်း!"