တစ်ဘဝစာနာကျည်းမုန်းတီးမှု ၃
========================
ဖွင့်ဟဝန်ခံခြင်း၎င်းကြိုးလေးမှာလွန်စွာပါးလွာထက်မြ.က်ပြီး မျက်စိဖြင့်အလွယ်တကူမမြင် နိုင်အောင် ဆေးရည်တမျိုးဖုံးအုပ်ထားသည်။
ယခုချိန်တွင် ဝေ့ဝူရှန့်မှာ နှလုံသားနှင့်အသိစိတ်နှစ်ခုလုံးရောထွေးလျက် မည်သည့်အရာကိုမျ အာရုံမစိုက်နိုင်အောင် လမ်းပျောက်နေရာ သူလည်ပင်းကိုရစ်ပတ်ချုပ်နှောင်ထားခြင်း ကိုလဲ ဂရုမစိုက်နိုင်တော့ပေ။ သူသည် ငိုကြွေးမြည်တမ်းရင်း"လန်ကျန့် မလုပ်နဲ့ နောက်မဆုတ်နဲ့"
သို့ပါသော်လဲ လန်ဝမ်ကျီးကတွန့်ဆုတ်ခြင်း မရှိ.. ချက်ချင်းနောက်သို့ ခြေလှမ်းငါးလှမ်း ဆုတ်လိုက်သည်။
ကျင့်ကွမ်းယောင် ,"အံသြ ဖွယ်ရာဘဲနော် .. အခု ကျေးဇူးပြုပြီး ဘီချန်ကို သိမ်းလိုက်ပါ "
"ချလွမ် " ဟူသည့်အသံနှင့်အတူ လန်ဝမ်ကျီးက ထပ်မံနာခံလိုက်သည်။ဝေ့ဝူရှန့်, " မင်း..သိပ်တရားလွန်မလာနဲ့ "
ကျင့်ကွမ်းယောင်, " ဒါက တရားလွန်နေလို့လား?.. ငါထပ်ခိုင်းအုံးမယ်... ဟန်ကွမ်းကျွမ်း... မင်းရဲ့ စိတ်စွမ်းအားတွေကို ချိတ်ပိတ်ပေးနိုင်မလား?
ဝေ့ဝူရှန့် အမျက်ချောင်းချောင်ထွက်ကာ, " မင်း..."
သူပြော လို့မဆုံးခင် လည်ပင်းမှ အသားစများစုတ်ပြ.တ်ခါ စူးရှနာကျင်စွာခံစားရ၏။ သူ့လည်ပင်းတဝိုက်မှ သွေးများ စီးကျလာမှန်းကိုခံစားမိလေသည်။ လန်ဝမ်ကျီးမျက်နှာမှာ သွေးမရှိတော့။
ကျင်ကွမ်းယောင် ,"ဝေ့သခင်လေးရယ်...ငါ့စကားကို သူမလိုက်နာဘဲ ဘယ်လိုနေနိုင်မလဲ?... *သူ့ဘဝက ငါ့လက်ထဲမှာလေ "
(*သူ့ဘဝ - ဝေ့ဝူရှန့်က လန်ဝမ်ကျီး ဘဝပါ)
လန်ဝမ်ကျီး စကားတစ်ခွန်းကို တစ်ကြိမ်သာပြော၏။ "သူ့ကို မထိနဲ့"
ကျင့်ကွမ်းယောင်," ဒါဆို မင်းဘာလုပ်ရမလဲ သိတယ်နော်...ဟန်ကွမ်းကျွမ်း "
ခနအကြာ လန်ဝမ်ကျီးတုံ့ပြန်၏။ " ကောင်းပြီ "
လန်ရှီးချန်သက်ပြင်းချသည်။ လန်ဝမ်ကျီးသည် လက်များကို မြောက်ကာ ကိုယ်ပေါ်မှနေရာနှစ်ခုကို ခတ်ပြင်းပြင်းထိခတ်၍ သူ့ကိုယ်သူ ချိတ်ပိတ်လိုက်သည်။
