အခန်း ၂၆။ အိပ်မပျော်သောည၇

20 5 2
                                    

အိပ်မပျော်သောည ၇
=====================
အတွေးလွန်ခြင်း 💭💭💭💭
=====================

နောက်ဆုံးတော့.....
ဝေ့ဝူရှန့် နားလည်သဘောပေါက်ခဲ့ရပြီ။
" ငါသိချင်တာလေးတွေမေးရုံဘဲ... သူ့ကိုတခြားဘာမှမလုပ်ဘူး " ဆိုသည့် လန်ဝမ်ကျီးကိုအရက်မတိုက်ခင် သူ့ကိုယ်သူပေးထားခဲ့သည့်ဂတိစကားအားလုံးတို့သည် သူ့ကိုသူလှည့်စားနေခြင်းဖြ.စ်ကြောင်း...။

ကိုယ်စည်းကိုယ့်ကမ်းနှင့်နေသူအများစုသည် အရက်သောက်ပြီးသောအခါ ရင်ထဲမှာသိမ်းဆည်းထားသောဆန္ဒများ ပွင့်အံထွက်တပ်ကြ သလို အရက်၏လွမ်းမိုးမှုအောက်ဝယ် လန်ဝန်ကျီးလည်း သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ပါ။ ဝေ့ဝူရှန့်သည် လန်ဝမ်ကျီးဒီလိုဖြ.စ်တတ်မှန်း သိရဲ့သားနှင့် အားသာချက်အဖြ စ်သုံးကာ အလွယ်တကူကြိုးကိုင်ချယ်လှယ်ခဲ့သည်။ သူ့ကိုရန်စသည်။ မြှုစွယ်ဖျားယောင်းသည်။ သူ(လန်ကျန့်) ဆန္ဒရှိရာကို ဦးဆောင်ပြုလုပ်စေခဲ့သည်။

မည်မျပင် သန့်စင်သောစိတ်နှလုံးရှိစေအုံး... ဓမ္မကျင့်စဥ်မြင့်မားနေပါစေ... လန်ဝမ်ကျီးသည်လဲ ယောကျာ်းတစ်ယောက်ပင်။ ဝေ့ဝူရှန့်..သူ့ကိုလုပ်ခဲ့သော အရိုင်းဆန်လှသည့် မြှုစွယ်ဖျားယောင်းမှုများကို သူဘယ်လိုနည်းနဲ့တောင့်ခံနိုင်ပါ့လဲလေ..? သူ၏တည်ကြည်ငြိမ်သက်မှု သမာဓိကို ဘယ်လိုထိန်းသိမ်းထားနိုင်ပါ့မလဲ..?

ဒီနေ့မတိုင်မှီကပင် ကျန်းချန်၏စွပ်စွဲချက်များကြောင့် လန်ဝန်ကျီးခမျာ အရှက်ရခဲ့ပြီး ယခုချိန်တွင် သူ့အစ်ကိုအတွက် စိတ်သောကရောက်နေရဆဲ...။ ထိုစွပ်စွဲချက်များအတိုင်း... ဝေ့ဝူရှန့်နှင့် ညစ်ညမ်းသောအရာများကို ...။

လန်ဝမ်ကျီးသည် သူ့ကို "အင်း " တစ်ခွန်းသာပြောပြီး ဘာမှဆက်မပြောတော့ပေမဲ့ ဝေ့ဝူရှန့်ခေါင်းထဲတွင် အတွေးများ အစီရီရောက်နှင့်နေပြီ။

သူရှင်သန်ခဲ့ရာ ဘဝနှစ်ခုစလုံးတွင် ဝေ့ဝူရှန့်သည် "အရှက်တရား" ဆိုသောစာလုံးကို ရေးတပ်ရန် ဘယ်တော့မှ မသင်ယူခဲ့သော်လည်း ယခုမူ အခြားသူများထက်ပို၍နားလည်ခဲ့ပြီ။ သူနုတ်ခမ်းများမှာ ဖူးယောင်ကာ ခတ်စူးစူးလေးနာကျင်နေ၏။ သူ့ဝမ်းဗိုက်အောက်ပိုင်း နှင့်​ပေါင်များရှိ စေးကပ်ချွဲကျိမှုများက ပို၍ ရှက်စရာကောင်းလွန်၏။ ယခုပင် နံရံကိုခေါင်းဖြင့်ပြေးဆောင့်ချင်လောက်အောင်ပင်။

TU Love❤ ❤Where stories live. Discover now