" ဝမ်နင်....လန်ကျန့်က မင်းကိုတွေ့ရတာ သိပ်သဘောမကျဘူးထင်တယ် ""လန်သခင်လေးက ဘာဖြ စ်တာလဲ"
"အရက်မူးနေတာ"
"ဟင်"
ဝမ်နင်သည် ကြောင်ကြည့်နေပြီး
"ဒါဆို ဘာလုပ်သင့်လဲ""ဘာလုပ်ရမလဲ အခန်းပြန်ပြီး အိပ်ယာပေါ်ပစ်တင် အိပ်ခိုင်းရမှာပေါ့"
လန်ဝမ်ကျီး, "ကောင်းတယ် "
" ဟင်..မင်းနားတွေပိတ်ထားတာ ဘယ်လိုကြားသွားတာလဲ "
လန်ဝမ်ကျီးသည် နားနှစ်ဖက်ကို ခတ်တင်းတင်းပြန်ပိတ်ကာ စကားဖြ တ်ပြောသည်မှာသူမဟုတ်သလိုပင်။ ဝေ့ဝူရှန့်မှာ ရယ်ရခက်ငိုရခက်ဖြင့် ဝမ်နင်အား ထွက်သွားရန်အချက်ပြ၍
" မင်းကိုယ့်ကိုကိုယ် သတိထားအုံးနော် "ဝမ်နင်သည် ခေါင်ငြိမ့်ပြီး မနေနိုင်စွာ လန်ဝမ်ကျီးကိုတစ်ချက်မျခိုးကြည့်သည်။ ဝေ့ဝူရှန့်မှ ထွက်သွားခါနီးတွင်
"ဝမ်နင်... မင်း...နေရာတနေရာ ရှာပြီး ခနပုန်းနေလိုက်ပါလား၊ မင်းနှစ်ကြိမ်တောင်သေခဲ့တာ ကောင်းကောင်းအနားယူပါ။"ထိုမှသာ လန်ဝမ်ကျီးသည် နားပေါ်မှလက်များကိုဖယ်လိုက်ပြီး အရောင်ဖျော့ဖျော့မျက်ဝန်းများဖြင့်စိုက်ကြည့်နေသည်။ အလွန်ရိုးသားပွင့်လင်း နေသည့် လန်ဝမ်ကျီးကို မကောင်းမှုတစုံတရာလုပ်ချင်သော အကြံဆိုးက ဝေ့ဝူရှန့်ရင်ထဲ တလိပ်လိပ်တက်လာတော့သည်။ သူ့ကိုယ်ထဲတွင် ခံစားချက်တစ်စုံတစ်ရာ လောင်မြိုက်နေသလိုပင်။
"လန်ကျန့် ငါ..ဘာမေးမေး ဖြေ မှာလား ဘာခိုင်းခိုင်း လုပ်ပေးမှာလား "
"အင်း"
"မင်းရဲ့ နဖူးစည်းကိုဖြေလိုက်"
လန်ဝမ်ကျီးသည် နဖူးစည်းကို ဖြေးဖြေးချင်းဖြေချလိုက်ပြီး ဝေ့ဝူရှန့် လက်ထဲထည့်ပေးလိုက်သည်။ ဝေ့ဝူရှန့်သည် တိမ်လွာပုံရေးထိုးထားသောနဖူးစည်းကိုသေချာကြည့်ပြီး
"ဘာမှလဲထူးထူးခြားခြားမဟုတ်ပါဘူး။ ဒါနဲ့များ အရင်က ငါ့ကြောင့်ပြေ ကျသွားတော့ ဘာလို့ အရမ်း စိတ်ဆိုးခဲ့ရတာလဲ။ "