အပိုင်း ၁၄။ သစ္စာစောင့်သိခြင်း ၁

15 3 0
                                    

( Movie ထဲမှာမပါတဲ့အပိုင်းကိုဘဲရေးချင်တာမို့ ကျော်လိုက်ပါပြီနော်... ရိလင်းတောင်ကိုပြန်ရောက်သွားပါပြီ.. သွေ့ပုချိ)

မူရင်းဝတ္ထု - သစ္စာစောင့်သိခြင်း ၄
====================
" ဟန်ကွမ်းကျွမ်း "
လန်ဝမ်ကျီးက သူ့ကိုလှည့်ကြည့်လာ၏။ ဝေ့ဝူရှန့်သည် သက်ပြင်းချကာ
" ငါတို့တစ်ခုခုလုပ်ရလိမ့်မယ် "

သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်ကာ နားလည်သဘောပေါက်လိုက်၏။

" ငါနဲ့အတူတူလုပ်ပေးနိုင်မလား "

လန်ဝမ်ကျီးသည် သူ့ကိုငေးစိုက်ကြည့်ကာ ပြန်ဖြေလာ၏။ ခိုင်ခိုင်မာမာ...ပီပီသသ..

" ငါလုပ်မယ် "

ဝေ့ဝူရှန့်သည် အားပါးတရပြုံးကာ သူ့ဝတ်ရုံနက်ကိုချွတ်ချလိုက်၏။ ဝတ်စုံနက်အောက်ရှိ အဖြူရောင် အတွင်းဝတ်၏ တဝက်ခန့်မှာ သွေးများစွန်းထင်းနေ၏။ သူသည် လက်ထိပ်ကိုကိုက်ဖောက်ကာ သူ့အကျီဖြူပေါ်တွင် အစီရင်တစ်ခု စတင်ရေးဆွဲတော့၏။

အစီရင်မှာ ပီပြ.င် ပြ.တ်သားလာရာ စောင့်ကြည့်နေကြ.သူများ၏ မျက်လုံးထဲမှ မယုံကြည်မှုများပိုကဲလာကြ၏။ ဖန်မင်းချန်သည် မတ်တပ်ရပ်ကာ ထိတ်လန့်သောမျက်နှာဖြင့်
" မင်းဘာလုပ်နေတာလဲ "

ဝေ့ဝူရှန့်သည် သူ့ကို လုံးဝစောင်ဂရုမစိုက်ဘဲ ဆက်လက်ရေးဆွဲနေ၏။

သူရပ်တန့်လိုက်ရာ သူသည် အလံတစ်ခုကို ဝတ်ဆင်ထားသကဲ့သို့ပင်။ လူတစ်ယောက်ကိုယ်ပေါ်မှ မှော်နက်သတ္တဝါအားလုံးကို ဖိတ်ခေါ် ဆွဲဆောင်နိုင်သော အလံ....ဝိညာဥ်မြားခေါ်အလံ..

ဝေ့ဝူရှန့်သည် လန်ဝန်ကျီးနှင့်ဘေးချင်းယှဥ်ရပ်ကာ လန်စစ်ကျွေးနှင့်အခြားသူများကို လက်ဝှေ့ယမ်းပြလိုက်၏။ လူငယ်များသည် သူတို့ဘေးတွင် ဝန်းရံလာကြ.သည်။ ကျင်းလင်မှာ သွားရန်ပြင်လိုက်ပေမဲ့ ကျန်းချန်၏ လှမ်းဆွဲထား​ခြင်းခံရ၏။

ဝေ့ဝူရှန့် "ငါက တစ္ဆေရုပ်သေးတွေထဲကို ထိုးဖောက်ပြီး သွေးနီကန်ဆီမြှားခေါ်သွားမယ်...ဟန်ကွမ်းကျွမ်းက သူတို့ကိုသတ်ဖို့တာဝန်ယူလိမ့်မယ် "

TU Love❤ ❤Where stories live. Discover now