အခန်း ၃၂။ WangXian 2

23 4 2
                                    

WangXian 2
==================

၃လခန့်ကြာသော်...ကောင်းလင်းမြို့

အမည်မဲ့တောင်ကုန်းတစ်ခု....

တောင်ထိပ်ပေါ်တွင် မီးတုတ်များနှင့်စိုက်ပျိုးရေးကိရိယာများကိုကိုင်ဆောင်ထားသော ရွာသားအုပ်စုကြီးသည် ဘေးပတ်ဝန်းကျင်ရှိသစ်ပင်များကို ဝေ့ဝိုက်အကဲခတ်ကြည့်ရှု့နေ၏။

ထိုအမည်မဲ့တောင်ထိပ်ဝယ် မငြိမ်းချမ်းခဲ့သည်မှာ လွန်ခဲ့သောလအနည်းငယ်ကပင်။ တစ္ဆေများ၏ ခြောက်လှန့်ရန်ပြုခြင်းများ ဆက်တိုက်ဖြ.စ်ပေါ်လာ၍ တောင်ခြေရှိရွာသားများသည် စိတ်အေးအေးမနေနိုင်ကြတော့ဘဲ မှော်ဓမ္မကျင့်ကြံသူတချို့ကိုခေါ်ကာ နှိမ်နင်းရန် တောင်ပေါ်သို့တက်လာကြခြင်းပင်..။

နေဝင်ရီတရောအချိန်...ပိုးမွှားများ၏ တကျိကျိအော်သံများက စူးစူးရှရှ ထွက်ပေါ်လာ၏။ အမည်မသိမိစ္ဆာများက ပုန်းအောင်းကာ တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေသလို တရှဲရှဲမြည်သံများသည် ခါးထိရှည်သောမြ.က် ရိုင်းပင်များကြားမှထွက်ပေါ်လာနေ၏။ တစ်ယောက်က ထိုမြ.က် ရိုင်းပင်များပေါ်သို့ မီးတုတ်အလင်းရောင်များထင်ဟတ်စေခါ မှားယွင်းကြောင်းသက်သေပြ၏။

ဓားကိုင်ကျင့်ကြံသူများဦးဆောင်သည့် ရွာသားများသည် မြ.က် ရိုင်းပင်များကြားမှ သတိကြီး စွာဖြ.တ်သန်း၍ သစ်တောထဲသို့ဝင်ရောက်ကြ၏။

မှောင်မဲနေသည့်သစ်တောတွင်း၌ အမှန်ပင် သုသာန်တစပြင် တစ်ခုရှိ၏။ သစ်သား သို့မဟုတ် ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် သချိုင်းမှတ်တိုင်များသည် ဟိုတစ်စဒီတစ် ပြိုလဲကျလျက်..။ ညအမှောင်ထဲဝယ် သုသာန်ကိုဖြ.တ်လျက် မည်းမှောင်သောလေကြ.မ်းများက တိုက်ခတ်လာ၏။ အကြည့်များတင်းမာလျက် ကျင့်ကြံသူများက အဆောင်စာရွက်များထုတ်၍ မကောင်းဆိုးဝါးနှင်မန္တန်ကိုစတင် ပြင်ဆင်ကြ၏။ သူတို့၏ တည်ငြိမ်မှုကိုကြည့်ခါ သိပ်အခက်ခဲမရှိလှဟု သုံးသတ်၍ ရွာသားများက အတော်လေးစိတ်သက်သာရာရပြီးသက်ပြင်း ချနိုင်တော့သည်။

ထိုသို့သက်သာရရာရပြီးအတော်လေးကြာသော် သူတို့သည် ရိုက်ခတ်သံအကျယ်ကြီး ကို ကြားရ၏။ ဆိုးဝါးစွာ ခြေလက်အဂ်ါမဲ့အလောင်းတစ်လောင်းသည် သူတို့နှင့်မလှမ်းမကမ်း ညစ်ထပ်ထပ်အလောင်းစင်ပေါ်တွင်ရှိနေ၏။

TU Love❤ ❤Where stories live. Discover now