မူရင်းဝတ္ထု - ညို့ငင်ဆွဲဆောင်ခြင်း ၁
လက်မောင်းပြ တ်မှ ညွန်ပြ သည့်အတိုင်းခရီးထွက်ခဲ့ရာ မိစ္ဆာဓာတ်များခြုံလွမ်းထားသော ရိမြို့သို့ရောက်လာကြ သည်။ လန်စစ်ကျွေး ခေါင်းဆောင်သော လန်ဂိုဏ်းသားငယ်များ ၊ ကျင်းလင် ၊ အခြားဂိုဏ်းသားငယ်များကို ထိုမြို့တွင်ပိတ်မိနေကြောင်း တွေ့ရသည်။
ရိမြို့သည် အသုဘလုပ်ငန်းများဖြင့်အသက်မွေးသောမြို့ဖြစ်ပြီး အခြား စီးပွားမဖြစ်ထွန်းဘဲ မြို့ပျက်လုနီးနီးပင်ဖြ စ်နေသည်။ ရိမြို့သည် လူသူအရောက်ပေါက်နည်းကာ မကောင်းဆိုးဝါးများ ကျင်လည်ကျက်စားဖျက်ဆီးခြင်းကြောင့် ကူရာကယ်ရာမဲ့နေသောမြို့လည်းဖြ စ်သည်။နောက်ဆုံး သူတို့ကိုမြားခေါ်ခဲ့သော ရွယ်ရန့်အား လန်ဝမ်ကျီးမှသုတ်သင်နိုင်ခဲ့သော်လည်း အလောင်းကိုမူ ဝတ်ရုံနက်မှလုယူသွားသည်။ ရိမြို့တွင် သူတော်စင် စုန်လန့်ကိုကယ်တင်နိုင်ခဲ့ပြီး ဝေ့ဝူရှန်၏ ဆရာတူဦးလေး သူတော်စင်ရှောင်ရှင်းချန်နှင့်အားချင့်မိန်းကလေး၏ အလောင်းကို ကောင်းစွာသဂြိုလ်ပေးခဲ့သည်။ နောက်ထပ်ညာဘက်လက်ပြ တ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်။
==++++===========
ဝေ့ဝူရှန့်နှင့်လန်ဝန်ကျီးသည် ကျင်းလင်၊ လန်စစ်ကျွေး ၊ လန်ကျင်းရီ နှင့်ဂိုဏ်းသားငယ်များကို ဦးဆောင်၍ အခြားမြို့လေးတစ်ခုသို့ရောက်လာကြ သည်။ တည်းခိုဆောင်တစ်ခုကိုရွေးချယ်လိုက်ပြီး လန်ဝမ်ကျီးသည် ဝေ့ဝူရှန့်ကိုဆွဲကာ ဒုတိယထပ်သို့လှမ်းတက်သွားသည်။ လူငယ်များကသူ့နောက်မှလိုက်လာကြ သဖြင့် လန်စစ်ကျွေးကို တချက်ငဲ့ကြည့်လိုက်ရာလန်စစ်ကျွေး " အကြီးကဲတွေနဲ့လူငယ်တွေ ခွဲနေကြ မယ်။ ငါတို့ အောက်ထပ်မှာဘဲနေကြ စို့"
ဝေ့ဝူရှန့် " အေးပေါ့..တချို့ဟာတွေမင်းတို့ကလေးတွေမမြင်တာ အကောင်းဆုံးဘဲ"
ကျင်းလင်မှ မဲ့လျက် "ဘယ်သူကမြင်ချင် လို့လဲ"
လန်ဝမ်ကျီးသည် ပထမထပ်တွင် လူငယ်များအတွက် နားနေစားသောက်ရန်စီစဥ်မှာကြားပေးကာ ဒုတိယထပ်တွင် သီးသန့်ခန်းယူပြီး ဖြ စ်ခဲ့သောကိစ္စများကို ဝေ့ဝူရှန့်နှင့်တိုင်ပင်ဆွေးနွေးလေသည်။
ခဏကြာသော် စားပွဲထိုးမှ အစားသောက်နှင့်သေရည်များလာချပေးရာ အများစုမှာ ငြု ပ်သီးရဲရဲ အစပ်ဟင်းလျာများဖြ စ်သည်။ လန်ဝမ်ကျီးသည် အစပ်မပါသော ဟင်းလျာများကိုသာရွေးချယ်စားသောက်နေပြီး တခါတရံ အစပ်ဟင်းများကို အမူရာမပျက် ယူစားလိုက်ရာ ဝေ့ဝူရှန့်အသဲနှလုံးထဲ သိမ့်ခနဲဖြ စ်သွားရှာသည်။ လန်ဝမ်ကျီးက သူ့မျက်နှာရိပ်ခြေ ကို သတိထားမိသွားကာ
