Extra 3 - မိသားစုဧည့်ခံပွဲ ၃
===================ဝေ့ဝူရှန့်သည် စည်းကမ်းဖောက်ဖျက်လိုစိတ်ကိုဖိနှိပ်မထားနိုင်တော့ဘဲ ပို၍ ပို၍ပြင်းထန်လာ၏။
သူက အနက်ရောင်ကြွေပန်းကန်လုံးလေးကိုလက်ချောင်းထိပ်ဖြင့်အသာယာခေါက်၍ သူတို့နှစ်ဦးသာကြာ့းနိုင်ရုံမျအသံလေးများပြုလိုက်၏။
ထိုအသံလေးများကြောင့်လန်ဝမ်ကျီးမျက်ဆန် များသည် သူ့ဆီကိုလက်မအနဲငယ်ခန့်မသိမသာရွေ့လာ၏။
လန်ဝမ်ကျီးကမျက်လုံးလေးကို မည်မျပင်ရွေ့စေအုံးတော့ သူ့မျက်လုံးထောင့်စွန်းထဲဝယ် ဝေ့ဝူရှန့်လှုပ်ရှားမှုတစ်ခုတလေကိုမှ လွပ်မည်မဟုတ်ကြောင်းဝေ့ဝူရှန့်သိပါ၏။ ထို့ကြောင့်သူသည် မျက်ခုံးများကိုပင့်ကာ စွပ်ပြု.တ်ကိုတစ်ငုံသောက်သလိုဟန်ဆောင်နေ၏။ ပန်းကန်လုံးနုတ်ခမ်းပေါ်ရှိ လန်ဝမ်ကျီးသောက်ထားရာနေရာသို့လှည့်၍ သူနုတ်ခမ်းဖျားဖြင့်ငုံပစ်၏။
မျော်လင့်ထားသလိုပင်, လန်ဝမ်ကျီးလက်များမှာမူလအတိုင်း ပေါင်ပေါ်သို့သေသပ်ကျနစွာတင်ထားရာမှ အခုချိန်ထိပုံစံမပြောင်းသေးသော်လဲ အဖြူရောင်အကျီလက်အောက်ရှိလက်ချောင်းများကအနဲငယ်တွန့်ခေါက်သွားကြ၏။
ထိုသို့မြင်လိုက်ရသောဝေ့ဝူရှန့်မှာ သူ့နှလုံးသားတစ်ခုလုံးလေထဲမှာလွင့်နေသလို ခံစားရ၏။ တခဏချင်းပင်စိတ်လက်ပေါ့ပါးမှုကြောင့် ဝေ့ဝူရှန့်သည်မထိန်းချုပ်နိုင်ဘဲ လန်ဝန်ကျီးနှင့်ဆန့်ကျင်ဖက်သို့ယိမ်းယိုင်သွားရာ လန်ချီရန်ထံမှ ပြင်းထန်လှသည့်ချောင်းဟန့်သံကြီး ထွက်လာ၏။ ဝေ့ဝူရှန့်သည်ချက်ချင်းပင် သူ့ကိုယ်အပေါ်ပိုင်းကို ဖြောင့်နေအောင်မတ်ထားကာ ထိုင်အုံးပေါ်တွင်ကိုယ်နေဟန်ထားကိုကောင်းမွန်စွာပြန်လည်ပြင်ဆင်ခဲ့၏။
စွတ်ပြု.တ်သောက်ပြီးမှသာလျင်အဓိကအစီစဥ်စတင်၏။ စားပွဲတိုင်းတွင် အစိမ်းရောင်သို့မဟုတ်အဖြူရောင် ဟင်းလျာပန်းကန်ငယ်သုံးချပ်ရှိ၏။ သူတို့သည် ဝေ့ဝူရှန့်ပညာလာရောက်သင်ကြားစဥ်ကဟင်းလျာများနှင့်သိပ်မကွဲပြားပါချေ။ ဒီနှစ်အားလုံးကုန်လွန်သွားပြီးနောက် ခါးသက်သက်အရသာပိုတိုးလာတာကလွဲရင်အရာအားလုံးမပြောင်းလဲသေး။ ရေမြေအနေထားအရရော ကိုယ်ပိုင်ဗီဇအရပါဝေ့ဝူရှန်သည်ဟင်းပွဲတိုင်းတွင်မပါမဖြ.စ် ဆိုသလို အပူအစပ်ကိုအလွန်နှစ်သက်၏။ အဖြူထည်ဟင်းလျာများနှင့်ရင်ဆိုင်ရသည့်အခါ စားချင်စိတ်အာသီသတစ်ခုပင်မရှိပါဘဲ သူဘာစားနေလဲမသိနိုင်အောင်ပင် မေးရိုးများထောင်ထနေအောင်စိစိညက်ညက်ဝါးနေရှာ၏။ ထိုအချိန်အတောတွင်း လန်ချီရန်သည်မျက်စိဆံပင်မွေးစူးလျက် ဟိုးယခင်စာသင်ပေးခဲ့စဥ်ကလို သူ့ထံသိူ့စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာသူ့ကိုရမယ်ရှာပြီး ထွက်သွားအောင်လုပ်ဖို့ အချိန်တိုင်းအသင့်ပြင်ထား၏။ ယခုပုံစံတိုင်းဆိုလျင် ဝေ့ဝူရှန်၏ထူးထူးကဲကဲ ယဥ်ကျေးသည့်အပြု.မူများကြောင့် သူဘာမှမလုပ်နိုင်ဘဲအလျော့ပေးရလိမ့်မည်။