မူရင်းဝတ္ထု - ညို့ငင်ဆွဲဆောင်ခြင်း ၃ + မာယာပရိယာယ် ၁
ဘာကြောင့်ရယ်မသိ ခုညတွင် လန်ဝမ်ကျီးနှင့် ကုတင်တစ်ခုထဲ မအိပ်စက်ရဲပါ။ သူသည် တစ်ညတာလုံး ကြ မ်းပြင်ပေါ်တွင် ဖြ စ်သလို ကုန်ဆုံးစေသော်လည်း ဘယ်ချိန်ကုတင်ကိုမှီ၍အိပ်ပျော်သွားမှန်းမသိ။ မိုးသောက်ယံချိန်တွင် တစ်စုံတစ်ယောက်က သူ့ကိုပွေ့ချီပြီး ကုတင်ပေါ်သို့ ညင်သာစွာပွေ့တင်ပေးလိုက်မှန်း အိပ်ချင်မူးတူးဖြင့်သိလိုက်သည်။ သူသည် မျက်လုံးများကို ကြိုးစားဖွင့်လိုက်ရာ တည်ငြိမ်အေးစက်သော လန်ဝမ်ကျီး၏မျက်နှာကို တွေ့ရသည်။
"လန်ကျန့်..."
"အွမ်း"
"မင်း..အမူးပြေပြီလား..မူးနေတုန်းလား"
"အမူးပြေပြီ"
"အို... ငါးနာရီတောင်ထိုးပြီဘဲ"
လန်ဝမ်ကျီးသည် နေ့စဥ်ဒီအချိန်ဆို အိပ်ရာနိုးသဖြင့် ဝေ့ဝူရှန့်က ပြ တင်းပေါက်ကိုမကြည့်ဘဲ အချိန်ပြောနိုင်သည်။ သူသည်ဝေ့ဝူရှန့်လက်ကောက်ဝတ်များကို ကိုင်ကြည့်ရာ အနီရောင်ကြိုးရာများထင်းနေပြီး တချိုနေရာတွင် သွေးချေဥနေသည်။ လန်ဝမ်ကျီးသည် ကြွေဘူးလေးကိုထုတ်ကာ ဆေးလိမ်းပေးလိုက်ရာ အေးမြ မှုကိုခံစားရလေသည်။ ဝေ့ဝူရှန့်သည် မျက်လုံးများကိုမှေးစင်းကာ
"နာတယ်ဟန်ကွမ်းကျွမ်း...မင်းကအရက်မူးရင် အရမ်းရိုင်းတာဘဲ"
"ကိုယ်စိုက်တဲ့အပင် ကိုယ်ရိပ်သိမ်းရမှာဘဲ"
ဝေ့ဝူရှန့်ရင်ထဲ လှိုက်ခနဲဖြ စ်သွားကာ
" လန်ကျန့်..မင်း..အရက်မူးတုန်းကဘာတွေလုပ်ခဲ့လဲဆိုတာ တကယ် မမှတ်မိဘူးလား"" အင်း..မမှတ်မိဘူး"
// တော်သေးတယ်.. မဟုတ်ရင်..ရှက်လွန်းလို့ ဒေါသထွက်ပြီး ငါ့ကိုအပိုင်းပိုင်းခုတ်လောက်ပြီ//
သူသည် လန်ဝမ်ကျီးမမှတ်မိသည်ကို ကံကောင်းသည်ဟုခံစားမိသော်လဲ နှမြောနေသလိုလို။ မလုပ်သင့်သည်ကိုလုပ်ကာ သို့မဟုတ် မစားသင့်သည်ကို ခိုးစားကာ ချောင်တစ်ခုတွင် ပုန်းကာပျော်နေမိသော်လည်း မည်သူတစ်ဦးနှင့်မှ မမျဝေနိုင်၍ နှမျောစရာပင်။ အမှတ်တမဲ့ပင် သူသည် လန်ဝမ်ကျီး၏ ပန်းဆီရောင်နုတ်ခမ်းများထံ အကြည့်ရောက်သွားသည်။ ထောင့်စွန်းများက ပြုံးရယ်ရန် မည်သည့်အခါမှ မကွေးညွတ်သော်လည်း အလွန်နုညံမှန်းသိသာပြီး တကယ်ပင် နုညံ့လွန်းသည်။
ဝေ့ဝူရှန့်သည် သတိမမူဘဲနုတ်ခမ်းများကို ဖိကိုက်ထားရင်း တွေးနေမိပြန်သည်။