မူရင်းဝတ္ထု - ထွက်ခွာခြင်း ၃
❤💛💚💙💜🖤❤💚💙
ဇာမဏီတောင်အမဲလိုက်ရာတွင်
သားကောင်ရဲ့၃ပုံ၂ပုံကို ဝေ့ဝူရှန့်ကသိမ်းယူခဲ့တယ်ဆိုပြီး ကျင်းဇီရွင်းနဲ့ စကားများကြ တယ်။ ကျန်းရန်လီနဲ့ကျင်ဇီရွမ်းလဲ အဆင်မပြေကြဘူး။အမဲလိုက်ပွဲပြီးတော့ ဝေ့ဝူရှန့်တို့မောင်နှမတွေ ယွင်မုန့်ကိုပြန်ခဲ့ ကြ တယ်။
+++++++++ ---- +++++++++၂ လခန့်အကြာ 🌸🌸🌸 ယွင်မုန့်
====================ဝမ်ဂိုဏ်းပြိုကွဲပြီးနောက် ထိုမြို့၏ ပျက်စီးပြိုလဲကျခြင်းသည် တစ်ညထဲနှင့်ပါးလွာသောလေထုထဲတွင် အငွေ့ပျံသလိုပင် အခြားမြို့အားလုံးကို ပို၍ တိုးတက်ကြီး ပွားစည်ပင်စေသည့်နှယ်...။
ကျင့်ကြံသူပေါင်းများစွာတို့သည် မြို့တစ်ခုမှတစ်ခုသို့အဆင့်ဆင့်ခွဲထွက်သွာလာပြီး နိုးကြားထကြွစွာ နေရာသစ်ကို ရှာဖွေကြ၏။ လန်းလင်၊ချင်းဟယ်၊ယွင်မုန့်၊ကူစူးတို့သည် များစွာသော ကျင့်ကြံသူများ အစုလိုက်အပြုံလိုက်လက်ခံရရှိကြ၏။ လမ်းမများထက် လူများ ဟိုဒီသွားလာနေကြ သည်။
နောက်လိုက်အားလုံးသည် ဓားကိုခါးဝယ်ချိတ်လျက် လောက၏တရားစီရင်သူများသဖွယ် ဟိတ်ဟန်ထုတ်ကာ စကားပြောဆိုလျက်...။ သူတို့အားလုံးသည် မြင့်မားသော စိတ်ဝိညာဥ်များနှင့်...။
လူအများသည် လမ်းမအဆုံးကိုကြည့်လျက်
ရုတ်တရက် စကားသံများ အနည်းငယ်လျော့ကျသွားသည်။နဖူးစည်းဝတ်ဆင်ထားသော အဖြူရောင် ဝတ်ရုံနှင့်လူငယ်တစ်ဦး ဖြည်းညင်း စွာ လမ်းမထက် ချင်းနင်းဝင်ရောက်လာသည်။
လူငယ်လေး၏ သွင်ပြင်လက္ခဏာမှာ သူမတူအောင် လှပတင့်တယ် ကျက်သရေရှိလှပေမဲ့ ဆီးနှင်းပြင်ကဲ့သို့ အေးစက်မာကျောလှသည့်ပုံရိပ်သွင်ကြောင့် သူနှင့်ပို၍နီးလာလေ အူအသဲတို့ကိုစွဲနုတ်သကဲ့သို့ပင်။
သူမျက်ဝန်းများနှင့်ရင်ဆိုင်ရသည့် ကျင့်ကြံသူများသည် တိတ်ဆိတ်အရိုသေပေးကာ လေးစားမှုကိုဖော်ပြလျက်။ လူသိများသူတစ်ယောက်က အရဲစွန့်ကာ အရိုသေပေးနုတ်ဆက်လိုက်၏။