မူရင်းဝတ္ထု - ကြင်နာ ယုယခြင်း ၆
သချိုင်းတောင်သည် ရိလင်းနယ်ရှိတောင်များကြားတွင် မတ်စောက်စွာတည်ရှိနေသည်။လူသေအလောင်းများ သိန်းချီ မြု တ်နှံထား၍ လောကဝယ် သချိုင်းတောင်ကုန်း ဟုအမည်တွင်ခဲ့သည်။ ဤတောင်ကုန်း၏ မည်သည့်နေရာကိုမဆို တူးဆွလိုက်ပါက လူသေအလောင်းသာရရှိလိမ့်မည်မှာ မလွဲနိုင်ပေ။ သချိုင်းတောင်ကုန်းသည် ရှေးအခါက စစ်တလင်းဖြ စ်ခဲ့ရာ တိုက်ပွဲကျဆုံး ရဲမက်စစ်သည်အလောင်းများမှာ သိန်းချီစုပုံထားခဲ့သည်ဟု ပြောစမှတ်တွင်သည်။ နောက်ပိုင်းတွင်လဲ လူများက ပိုင်ရှင်မဲ့ အလောင်းများစွန့်ပစ်ရာတွင် အသုံးပြုခဲ့၍ အမြဲတမ်းမှောင်မဲအုံးမှိုင်းနေ ပြီး တစ်နှစ်ပတ်လုံး ဝမ်းနည်းကြေ ကွဲမှု နာကျည်းမှုအငွေ့သက်များ ဖုံးလွမ်းနေသည်။
အဆုံးတွင် ၎င်းသည် ရိလင်းနယ်၌ မနှစ်မြို့ဖွယ်ရာ ထိတ်လန့်ခြောက်ခြားဖွယ်ရာနေရာတစ်ခု ဖြ စ်လာလေသည်။
ဝမ်းနည်းယူကြုံးမရခြင်းကြောင့် နာကျည်းမှုအငြိုးတေး စွမ်းအားများဖုံးလွမ်းနေသည့်အလျောက် တောင်ကုန်းပေါ်ရှိသစ်ပင်များ၏ ပင်စည်များသစ်ရွက်များအားလုံး ညိုးရော်သေဆုံးသည့်သဖွယ် မဲနက်ခြောက်ကပ်နေသည်။ တောင်၏ အောက်ခြေ မှ ပေပေါင်းများစွာ မြင့်မားသော အစီရင်တံတိုင်း ရှိသည်။ မန္တန်အစီရင်အကာကွယ်တံတိုင်းသည် တောင်ပေါ်သို့ သက်ရှိ နှင့် သေဆုံးပြီးသူတို့ ဖြ တ် သန်းခြင်း မပြုနိုင်အောင် တင်းကြ ပ်စွာအစုစည်းလိုက်ရေးဆွဲ ဖိနှိပ်တားဆီးထားသည်။
သချိုင်းတောင်တစ်ခုလုံးပတ်ပတ်လည်ရှိ ဖိနှိပ်ကာကွယ်ခြင်း မန္တန်အစီရင်များကို ချီရှင်းဝမ်ဂိုဏ်း၏ တတိယမြောက် ဂိုဏ်းချုပ်က စတင်ပြုလုပ်ခဲ့သည်။
လန်ဝမ်ကျီးတို့သည် ဤနေရာမှ စွမ်းအားကောင်းသောတစ္ဆများကိုကျော်လွားရန် မသန့်စင်နိုင်ပေ။ သူတို့အတွက် သီးခြား အစီရင်တံတိုင်းတစ်ခုကို ဒုတိယအကောင်းဆုံးအဖြ စ်ရွေးချယ်ခဲ့သည်။ ဝေ့ဝူရှန့်သည် အစီရင်တံတိုင်းကိုတစ်ချက်မျတွန်းလိုက်ရာ ပြိုလဲပျက်စီးသွားသည်။ ၎င်းမှာ လန်လင်းကျင်းဂိုဏ်းမှ အသစ်တည်ဆောက်ခဲ့သော အကာကွယ်တံတိုင်းတစ်ခုဖြ စ်သည်။
