အိပ်မပျော်သောည ၄ (ရေချိုးခန်း ၄)
=====================
အရက်မူးနေသော လန်ဝမ်ကျီး🍷🍷🍷
======================"...." ဝေ့ဝူရှန့် " မင်းပါးစပ်ကိုဖွင့်လိုက် "
လန်ဝမ်ကျီးက အေးစက်စက်စူးစိုက်ကြည့်ရင်း ဦးခေါင်းကိုပိုမော့လိုက်၏။ ကိုယ်ကို ရှေ့သို့အနဲငယ်တိုးမှီလာရင်း ပထမလက်ဆစ်မှ ဒုတိယလက်ဆစ်များသို့ တိုးရွေ့လိုက်၏။ သူကပိုမို ပြင်းထန် စွာ ဆက်လက် ကိုက်ခဲလိုက်ပြန်သည်။
ဝေ့ဝူရှန့် " ဝိုး..."
ပြီးမှ...
လန်ဝမ်ကျီး အနည်းငယ်စိတ်ပြေ. သွားကာ လျော့ပေးလိုက်၏။ ဝေ့ဝူရှန့်သည် အခွင့်ရေးရရခြင်း လက်ချောင်းများကို ဆွဲထုတ်ကာ ဘေးသို့လှိမ့်ချ၏။ အကိုက်ခံရ၍ သူ့ဆံပင်များပင်ထောင်သွားသည်။ အကိုက်ခံတိုင်း သူ့စိတ်ထဲတွင် ခွေးများကို တွေးမိနေ၍ ခွေးများဟုတွေးမိတိုင်း သူ့တစ်ကိုယ်လုံးမှအမွေးများထောင်လာတတ်သည်။ ဝေ့ဝူရှန့် လုံလောက်သော အကွာဝေးသို့ လှိမ့်မပြီးသေးခင် လန်ဝမ်ကျီးသည် ဘီချန်ကိုဓားအိမ်ထဲမှ ဆွဲထုတ်ကာ ထိုင်အုံးကို ထိုးချလိုက်ရာ ဝေ့ဝူရှန့်၏ ဝတ်ရုံအစွန်းမှာ ကြ.မ်းပြင်ဝယ် တွယ်ဖောက်ချုပ်နှောင်မိနေ၏။(ထိုင်အုံး..ကြ.မ်းပြ.င်ပေါ် ထိုင်ရာတွင် ခင်းထိုင်သည့်အရာ )
သူတို့နှစ်ဦးစလုံး ကြာပန်းမြိုင်တွင်ဝတ်ဆင်ခဲ့သည့် အဝတ်များကို လဲလှယ်ခဲ့ပြီးဖြ.စ်၏။ ၎င်းတို့မှာ အထူးချုပ်လုပ်ထားသည့် အကောင်းစားအဝတ်ထည်များဖြ.စ်၍ အလွယ်တကူ မစုတ်ပြဲ နိုင်ချေ။ သူသည် အကျီထောင့်စွန်းကိုဆွဲခံထားရ၍ ပိုဝေးဝေးမလှိမ့်နိုင်တော့ဘဲ ပြောမိပြောရာပြောလိုက်၏။
" လန်ကျန့်... မင်းကြည့်စမ်း... ထိုင်အုံးနဲ့ တည်းခိုခန်းကြ.မ်းပြ.င် ကိုဖောက်လိုက်တယ်... မင်းမကြာခင်အလျော်ပေး..."
သူ့စကားမဆုံးခင် တစ်စုံတစ်ဦးက သူ့အကျီဂုတ်ပိုးစကို ရုတ်တရက်ဖမ်းဆုတ်ကာ နောက်သိုတရွတ်တိုက် ဆွဲလိုက်၏။ ဝေ့ဝူရှန့်ကျောပြင်မှာ ထိုသူ၏ရင်ဘတ်ဖြင့်တိုက်မိ၏။ လန်ဝမ်ကျီး၏အသံတိမ်တိမ်မှာ သူနားရွက်ဘေးဝယ် မိုးကြိုးပစ်သလို ထွက်ပေါ်လာ၏။
