မူရင်းဝတ္ထု - ကြင်နာ ယုယခြင်း ၄ + ၅
ဝေ့ဝူရှန်နှင့်လန်ဝမ်ကျီးတို့သည် တိမ်လွာနန်းမြိုင်မှ ထွက်ခွာလာ၍ တောင်အောက်သို့ ဖြ တ်လမ်းမှ ဆင်းလာခဲ့သည်။ နောက်ဆုံး ကူစူးလန်ဂိုဏ်း၏ ပိုင်နက် နယ်နမိတ်မှ ဝေး၍ဝေး၍ လာခဲ့သည်။ ဝေ့ဝူရှန့်က လမ်းလျောက်နေရာမှ ညည်းတွားလိုက်သည်။
" အိုး... ငါ့ဗိုက်ထဲကနာလိုက်တာ "
လန်ဝမ်ကျီးသည် လမ်းလျောက်နေရာမှ ချက်ချင်းရပ်တန့်လိုက်သည်။
" နားရအောင်... ဆေးအသစ်ထည့်ပေးမယ် "ဝေ့ဝူရှန့်, " ရပါတယ်... ငါ ဒီပေါ်မှာ ထိုင်ပြီး ဆက်သွားကြ မယ်လေ။ "
လန်ဝမ်ကျီး, " ထိုင်လေ "
ဝေ့ဝူရှန့်မှာ အလွန်စိတ်ဆင်းရဲသောပုံစံဖြင့်
" ဒါပေမဲ့ မြည်းပေါ်တက် ဖို့ အရမ်းလှုပ်ရှားလိုက်ရင် ဒဏ်ရာကို ထိခိုက်မိအုံးမယ် "သူ့ဒဏ်ရာက ပျောက်သွားခဲ့တာ ကြာပြီဘဲ။ သူတကယ်ကို အရှက်မရှိတာ။ လန်ဝမ်ကျီးခြေလှမ်းများ ရပ်ကာ ပြန်လှည့်ပြီး ရုတ်တရက်အနားကိုရောက်လာခဲ့သည်။ သူသည် ဒက်ရာကိုမထိခိုက်အောင် ခါးမှညင်သာစွာ ချီမြောက်လျက် မြည်းကလေးကျောပေါ် တင်ပေးလိုက်သည်။
သူတို့နှစ်ဦး...တစ်ယောက်က မြည်းပေါ်တွင် ထိုင်ပြီး တခြားတယောက်က ဇက်ကြိုးကိုဆွဲလို့။ ဝေ့ဝူရှန့်မျက်ဝန်းများကွေးသွားသည်ထိ နှစ်သက်သဘောကျစွာ ပြုံးနေမိသည်။
လန်ဝန်ကျီး, " ဘာလဲ "
ဝေ့ဝူရှန့်, " ဘာမှမဟုတ်ဘူး "
သူသည် တစ်စုံတစ်ယောက်ကို ကျီစယ်လှည့်စားခြင်းကိုနှစ်သက်သူပီပီ သူ့လုပ်ရပ်ကို သူ့သာသာ ကျေနပ်နေသည်။
ဝေ့ဝူရှန့်သည် ငယ်စဥ်ဘဝကို အားလုံးမမှတ်မိပေမဲ့ သူ့စိတ်အာရုံထဲ မှုန်ဝါးဝါး မြင် ကွင်းလေးတစ်ခု အမြဲ စွဲထင်နေသည်။
လမ်းကျဥ်းလေးတစ်ခု ၊ မြည်းလေးတစ်ကောင် ၊ မိသားစု ၃ ယောက် ။ အနက်ရောက်ဝတ်စုံနဲ့လူတယောက်က အဖြူရောင်အမျိုးသမီး ကို ယုယုယယပွေချီပြီး မြည်းကလေးကျောပေါ်တင်လိုက်တယ်။ ချစ်စရာ ကလေးသေးသေးလေးကို ပခုံးပေါ်တင်လို့ မြည်းဇက်ကြိုးကို ဆွဲရင်း....
