တစ်ဘဝစာနာကျည်းမုန်းတီးမှု ၁
========================
ကျင်းကွမ်းယောင်အား စတင် ဆန့်ကျင်ခြင်း
========================ဝေ့ဝူရှန့်သည် ဝမ်နင်နှင့်အတူ မြို့လည်ခေါင်ရှိ ကွမ်ရင်ဘုရားကျောင်းသို့ တောက်လျောက် တဟုန်ထိုးပြေးလာခဲ့သည်။ မနက်ပိုင်းတွင် သူနှင့်လန်ဝမ်ကျီးတို့သည် ဒီအဝန်းဝိုင်းထဲ ရှာဖွေလေ့လာခဲ့သည်။ သူတို့၏ မူလအစီစဥ်မှာ ညဘက်တွင် ဘုံကျောင်းကိုသတိကြီး စွာ စုံစမ်းစစ်ဆေးရန်နှင့် ဘုရားကျောင်းထဲရှိ ဖိနှိပ်ထားသော အစီရင်များကို ချိုးဖောက်၍ ဘယ်လိုမှော်နက်မိစ္ဆာစွမ်းအင်မျိုးကို ချိတ်ပိတ်ထားသလဲဆိုတာ သိရှိရန်ဖြ.စ်ပြီး ယင်းကိစ္စသည် ကျင်ကွမ်းယောင်နှင့်ပတ်သက်ခြင်းရှိ..မရှိ စုံစမ်းရန်ဖြ.စ်သည်။ သူသည် ညခုနှစ်နာရီမတိုင်ခင်ထိ နည်းလမ်းပေါင်းစုံ အိပ်စက်အနားယူခဲ့ပြီးနောက် ဒီလိုကိစ္စမျိုးတွေဖြ.စ်လာခဲ့၏။ သူတို့မူလအစီစဥ် ပျက်သွားလေ၏။
သူ၏ အချီးနှီးပိတ်လှောင်ထားမှုများကို ဖြ.စ်နိုင်သမျနည်းလမ်းစုံဖြင့် ထွက်ပေါက်ပေးရန် ဝေ့ဝူရှန့်သည် ကျင်ကွမ်းယောင်ကို ညဥ့်နက်သန်းခေါင်သန်းခေါင်လာရှာခြင်းဖြ.စ်သည်။
တလောကလုံးတိတ်ဆိတ်ငြိမ်သက် အိပ်မောကျနေ၏။ မြို့ထဲရှိ အိမ်များကား မီးများမှုတ်၍ ကွမ်ရင်ကျောင်းတော်တံခါးများက တင်းတင်းစေ့ပိတ်ထားကြ၏။ နံရံမြင့်မြင့်များ၏အပြင်ဖက်မှ ဝင်းတံတိုင်းများက အနက်ရောင်အရိပ်ငွေ့များလွမ်းမိုးနေသော်လဲ ဝေ့ဝူရှန့်က လွားခနဲခုန်တက်သွားခါ ခေါင်မိုးအုပ်ပြားပေါ်ရောက်နှင့်နေ၏။ သူ ရုတ်တရက် တုန့်ဆိုင်းသွား၏။ (တံတိုင်းက သုံးထပ်ရှိပါတယ်)
*တစ်စုံတစ်ခုတော့ မှားနေပြီ...*
ဝမ်နင်မှလေသံဖြင့်, " အကာကွယ်တွေရှိတယ် "
ဝေ့ဝူရှန့်က လက်ဟန်ခြေဟန်ပြလိုက်၏။ သူတို့နှစ်ဦး ပင်မဝင်ပေါက်မှ အသံမပြုဘဲ ထွက်လာ၍ အခြားတစ်ဖက်၏ အုတ်တံတိုင်းထောင့်စွန်းကို အသံမကြားအောင် တွယ်တက်လိုက်သည်။ ခေါင်မိုးထိပ်ရှိ ရုပ်ထုတစ်ခုနောက်ဝယ်ပုန်းအောင်းနေရာယူကာ ခြံဝင်းထဲ သို့ ချောင်းကြည့်လိုက်၏။