အိပ်မပျော်သောည ၅
=====================
ဇီးသီးခိုးမယ်....ကြ.က် ခိုးမယ် 🐔🐔🐔လန်ဝမ်ကျီးသည် သူ၏ပုံကြီးချဲ့ချီးမွမ်းခန်းကို ပျော်ရွင်စွာ လက်ခံလိုက်၏။ ဝေ့ဝူရှန့်၏ ချိမ်ခွင်းလက်အိပ်ကိုဖွင့်ခါ သူခိုးယူလာသည့် ဇီးသီးများအားလုံးကို လောင်းထည့်ပေးရင်း
" မင်းအတွက်... အားလုံးမင်းအတွက်ဘဲ "ဝေ့ဝူရှန့်ပူးပေါင်းလုပ်ကိုင်ပေးရင်း
" ကျေးဇူးတင်ပါတယ် "လန်ဝမ်ကျီးသည် သူ့အကျီအိပ်ကို တချက်မျပုတ်ခါလိုက်ရာ ဇီးသီးများကထွက်ကျလာပြီး မြေပေါ် သို့လိမ့်ကျဲကုန်၏။ ဝေ့ဝူရှန့် ချက်ချင်းပင် ကိုယ်ကိုကိုင်းညွတ်လျက် ကောက်ယူလိုက်သော်လည်း ၎င်းတို့မှာ အလွန်များပြား လွန်း၏။
လန်ဝမ်ကျီး " နောက်ထပ်မရှိတော့ဘူး "
သူက ဝေ့ဝူရှန့်ဘယ်လက်မှ ကြ.က်မ ကို လှမ်းယူလိုက်ခါ သူ့လက်တစ်ဖက်စီတွင် တစ်ကောင်စီသယ်ထား၏။ ဝေ့ဝူရှန့်က သူ့နဖူးစည်းနောက်မြီးစ ကိုဆောင့်ဆွဲပြီး လန်ဝမ်ကျီးကိုယ်ကိုထပ်ဆွဲကာ
" ပြီးခဲ့တဲ့တစ်စက္ကန့်က အကောင်း... ဘာကြောင့် အခု ရူးနှမ်းသွားရတာလဲဟင် "လန်ဝမ်ကျီးအကြည့်များက သူ့အပေါ် ရှပ်ပြေးသွား၏။
" မဆွဲနဲ့ "သူ့လေသံက အတော်လေးမနှစ်သက်မှန်း သိသာ၏။
စကားလုံးများက သတိပေးလိုက်သည့်နှယ်...။ ဝေ့ဝူရှန့် ကူရာကယ်ရာမဲ့စွာ လွပ်ပေးရ၏။ လန်ဝမ်ကျီးမျက်လွာချကာ ကြ.က် နှစ်ကောင်စလုံးကို ဘယ်လက်သို့ပြောင်းကိုင်၍ ညာလက်ဖြင့် သူ့ဆံပင်နှင့်နဖူးစည်းအစများကို ဆွဲဖြောင့်သတ်ချနေ၏။ဝေ့ဝူရှန့်တွေးနေမိသည်။
* အရင်တုန်းက ငါဘယ်လိုဘဲ နဖူးစည်းကိုဆော့ကစားလဲ သူဘယ်တော့မှ မတားခဲ့ဘူး... ဒီနေ့ သူတကယ်စိတ်ဖောက်နေတာလား? *သူတကယ်ကို ကုစားမှုလိုအပ်နေကြောင်း ဝေ့ဝူရှန့် ခံစားမိ၏။ သူသည် ကြ.က်မများ ကိုလက်ညှိုးထိုးကာ
" ဇီးသီးတွေကို မေ့လိုက်တော့... ဒါတွေ ငါ့ကိုပေးပါ... ငါ့ကိုပေးမယ်လို့ပြောခဲ့တယ်မလား? "
