မူရင်းဝတ္ထု - သစ္စာစောင့်သိခြင်း ၆
====================လန်ဝမ်ကျီးသည် ညာလက်ဖြင့်ဝေ့ဝူရှန့်ခါးကိုပွေ့ကာ တဖက်မှ ဘီချန်ပေါ်တင်လိုက်၏။ ဓားပျံစီးကာ သူတို့နှစ်ဦး လှေပေါ်သို့ရောက်လာကြ၏။ ဝေ့ဝူရှန့်ပုံစံမှာ အနည်းငယ်တုန်ရီနေသည်။ လန်ဝမ်ကျီးက သူ့ကိုတွဲထူပေးထားသောကြောင့်သာ ဝေ့ဝူရှန့်မှာစကားရပ်ပြော နိုင်၏။
" ဘာဖြ.စ်တာလဲ ဝမ်နင်...မင်းပြောတော့ သွားကြည့်ရုံဘဲဆို? ?"ဝမ်နင် " တောင်းပန်ပါတယ်...သခင်လေး...ကျနော့်အမှားပါ... ကျနော်မလာသင့်..."
ကျင်းလင်သည် ဓားသွားကို သူ့ဘက်သို့လှည့်လိုက်ကာ အော်ဟစ်လိုက်၏။
" ဟန်ဆောင်ပြ.မနေနဲ့ "ဝေ့ဝူရှန့် " ကျင်းလင်...ဓားကိုအရင်ချထားလိုက်အုံး "
ကျင်းလင် " မချဘူး "
ဝေ့ဝူရှန့်ထပ်မံပြောရန်ပြင် လိုက်ရာ ကျင်းလင်မှာမျက်ရည်များကျဆင်းလာ၏။
သူငိုကြွေးနေသောအခါ လူအားလုံးမှာ သစ်သားရုပ်လို တောင့်တင်းကုန်ကြ၏။ ဝေ့ဝူရှန့်သည် ရှေ့သို့တိုးသွားကာ " ဘာ...ဘာတွေများမှားနေတာတုန်း "
မျက်ရည်များတွေတွေကျဆင်းနေသော ကျင်လင်းမှာ အော်ဟစ်နေတုန်းပင်
" ဒါ ငါ့အဖေရဲ့ဓား...ငါမချနိုင်ဘူး "သူသည် ကျင်းဇီရွမ်း၏ဓား,ဆုဟွာကို ကျစ်ကျစ်ပါအောင်ဖက်တွယ်ရင်း...
သူ့မိဘများ သူ့အတွက်ချန်ထားခဲ့သည့် တစ်ခုတည်းသောအရာ...
ကျင်းလင်ယခုလို လူအများရှေ့ အော်ဟစ်ငိုယိုနေသည်ကို ကျင်းရန်လီသာရှိလျှင် အလွန့်လွန်စိတ်ပျက်ကာ မျက်စိစုံမှိတ်အော်ဟစ်မိလိမ့်မည်။ သူနှင့်သက်တူရွယ်တူတချို့မှာလက်ထပ်ပြီးကြပြီ။ တချို့ မှာ ကလေးတစ်ယောက်အဖေတောင်ဖြ.စ် ကုန်ကြပြီ။ ငိုကြွေးခြင်းသည် ကိုယ့်ကို နှိမ့်ချရာရောက်၏။ လူအုပ်ကြီးရှေ့မှာ ငိုယိုရလောက်အောင် သူ့စိတ်နှလုံး မည်မျပျက်ပြားခံစားနေရလဲ ?ဝေ့ဝူရှန့်မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ လန်ဝမ်ကျီးကို အကူညီတောင်းရန်လှည့်ကြည့်လိုက်ရာ လန်ဝမ်ကျီးလဲ ဘာလုပ်ရမှန်းမသိဖြ.စ် နေ ပုံရသည်။
ထိုစဥ် မြ.စ်ရေပြင် ကိုဖြ.တ်ကာ အသံတစ်သံထွက်လာ၏။
" အားလင် "