မူရင်းဝတ္ထု - သစ္စာစောင့်သိခြင်း ၅
=====================လူအများစုသည် အဆောင်စာရွက်များကိုထုတ်ကာ မီးတောက်များဖန်တီးလျက် သူတို့၏ သိဒ္ဓိစွမ်းအားများကို စမ်းသတ်နေကြ၏။ လူအချို့လက်ထဲမှ အဆောင်စာရွက်များမှာ မှိန်ဝါးဝါးအလင်းရောင်မျသာရှိသေး၏။
" ငါ ဆယ်ပုံနှစ်ပုံပြန်ရပြီ "" ငါက ဆယ်ပုံတစ်ပုံ..."
" ပြန်ရဖို့ နှေးလိုက်တာ "
သူတို့ကိုယ်ကို ပြန်လည်တည်ဆောက်နေစဥ် လွန်ခဲ့သော ၁၃နှစ်က သချိုင်းတောင်ကုန်းတိုက်ပွဲအကြောင်း နှိုင်းယှဥ်တွေးတောနေခဲ့ကြ၏။ ထိုတစ်ခုက ပိုမိုအောင်မြင်သော... အလွန်ကြီးကျယ်ခမ်းနားသော ကြေ.ကွဲစရာပျက်စီးဒုက္ခများကို သမိုင်းဝယ်မှတ်တမ်းတင်ခဲ့ကြ၏။ သို့သော် ထိုတိုက်ပွဲတွင်
လူဘယ်နှစ်ယောက်တောင်ပေါ်ကိုတက်သွားပြီး ဘယ်လောက်ပြန်ဆင်းသွားနိုင်လဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ကြသေး။ ဒုတိယလူအုပ်ကြီး ကို အလေးနက် မှတ်တမ်းတင်ရပေမည်။
သေဆုံးသည့်အရေတွက်ကိုလား???...
ဒါက အလွန်ပင်အဓိပ္ပါယ်မရှိသော ကျင့်ကြံရေးလောက တွင် ပျက်ရယ်ပြု.စရာဖြ.စ်ရပ် တစ်ခုပင်...အချိန်များကြာသော် တချို့လူများသည် သေဘေးမှလွပ်မြောက်ခဲ့၍ ဝမ်းမြောက်နေကြ.သည်။ ဒါဇင်ပေါင်းများစွာသော ဂိုဏ်းခေါင်းဆောင်များစုဝေးလိုက်သည်။ သူတို့ဆွေးနွေးပြီးနောက် သိဒ္ဓိစွမ်းအားများ အနားယူဖြည့်တင်းဖို့ လုံခြုံသည့်နေရာတစ်ခု ရှာဖွေရန် သဘောတူလိုက်ကြ၏။ သူတို့အိမ်ပြန်လမ်းဝယ် မတော်တဆထိခိုက်မှုများပိုမိုမဖြ.စ်စေရန် စွမ်းအားများ ဆယ်ပုံတွင်ရှစ်ပုံထိပြည့်ရန်လိုသည်။
ရိလင်းနှင့်အနီးဆုံး အလုံခြုံဆုံးနေရာမှာ ယွင်မုန့်ကျန်းဂိုဏ်း နယ်နမိတ်အတွင်းတည်ရှိမှန်း ဝေ့ဝူရှန့်တွေးမိလိုက်သည်။
" ဒါဆို လူကြီးမင်း တို့က ကြာပန်းမြိုင်ကို ဆက်သွားကြ မှာလား "လန်ချီရန် " ဘာကြောင့်မေးတာလဲ "
ဝေ့ဝူရှန့် " ဘာမှမဟုတ်ပါဘူး...ကျနော်တို့လဲ အဲ့ဒီလမ်းအတိုင်းသွားမလို့ မေးတာပါ "