အပိုင်း ၄။ သေရည်မူးတော့ အချစ်ခိုးပေါ်

49 4 1
                                    

မူရင်းဝတ္ထု - ​အေးမြနှင်းစက် ၃+၄+၅
(Dew - 1)


အရက်မူးတဲ့နေရာဘဲရေးပေးထားတာပါ

"ငါက​သေရည် ငါးအိုးဘဲမှာတာ.. မင်းက နောက်ထပ်..ငါးအိုးဝယ်ပေးတယ်။ ငါတစ်ယောက်ထဲသောက်လို့ဘယ်ကုန်ပါ့မလဲ။ ငါနဲ့အတူသောက်ပေးပါလား။ ဒီနေရာက တိမ်လွာနန်းမြိုင်မဟုတ်တော့ သောက်လို့ရတယ်မလား"
သူသည်အငြင်းခံရန်ကြိုတင်ပြင်ဆင်ထားသော်လည်း လန်ဝမ်ကျီးက

" သောက်မယ် "

"ဟန်ကွမ်းကျွမ်း...မင်းအရမ်းပြောင်းလဲ သွားတယ်။ အရင်က မင်းရှေ့မှာ အိုးသေးသေးလေးသောက်မိတာနဲ့ အရမ်းစိတ်ဆိုးတယ်။ ငါ့ကိုရိုက်ပြီးနံရံပေါ်က ပစ်ချမလိုဘဲ။ အခုတော့ မင်းအခန်းထဲမှာ ဧကရာဇ်အပြုံးဝင့် တွေကိုဖွက်ထားပြီး သောက်တတ်နေပြီ။"

လန်ဝမ်ကျီးသည် သူ့အကျီကို အသာပြုပြင်ရင်းတည်ငြိမ်စွာဖြင့်
"ဧကရာဇ်အပြုံးဝင့်ကို ငါတစ်အိုး​မှထိတောင်မထိဘူး"

ဝေ့ဝူရှန့်, " မင်းတစ်အိုးမှမသောက်ရင် ဘာလို့ဖွက်ထားသေးလဲ။ ငါ့အတွက်သိမ်းထားပေးတာလား။ ဟုတ်ပြီ ဟုတ်ပြီ မင်းဒါတွေကိုလုံးဝမထိဘူးလို့ ငါယုံကြည့်ပေးလိုက်မယ်။ တခြားစကားတွေပြောရအောင်။ လာ... စည်းကမ်းချိုးဖောက်တဲ့ ကူးစူးလန်ဂိုဏ်းသားလေး ဘယ်နှစ်ခွက်သောက်နိုင်လဲဆိုတာ ငါတကယ်ကိုသိချင်တယ် "

သူသည် ပန်းကန်အလွပ်ထဲသို့ သေရည်များ ဖြည့်ပေးလိုက်သည်။ လန်ဝမ်ကျီးသည် ခွက်ကိုကောက်ယူ၍ တရှိန်ထိုး တချိုက်ထဲမော့သောက်လိုက်သည်။ ဝေ့ဝူရှန့်သည် လန်ဝမ်ကျီးစိုက်ကြည်ရင်း မျက်နှာ နီမြန်းလာမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေသည်။ သို့ရာတွင် လန်ဝမ်ကျီး၏ မျက်နှာအရောင်ဆင်းရော မျက်နှာအမူအရာပါပြောင်းလဲခြင်း မရှိဘဲ တောက်ပသောမျက်လုံးများကလဲ သူ့ကိုစူးစိုက်ကြည့်နေဆဲပင်။ ဘာမှမပြောင်းလဲသေးပါ။
ဝေ့ဝူရှန့်သည် အလွန်မင်းစိတ်ဓာတ်ကျသွားသည်။ သူသည် နောက်ထပ်အရက်တစ်အိုးထပ်သောက်ရန်မတိုက်တွန်းခင် လန်ဝန်ကျီးသည် မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးဖြင့်အသာယာ ဖိဆွဲရင်း မျက်မှောင်ကျုံ့လာသည်။ ခနကြာသော် သူနဖူးကိုလက်ထောက်ကာ မျက်လုံးများပိတ်သွားလေပြီ။

TU Love❤ ❤Where stories live. Discover now